Emotionally sensitive ဖြစ်တဲ့သူတွေက ဘာမဆို သူများထက်ပိုပြီးတော့ စိတ်ဆင်းရဲရသလို စိတ်ပင်ပန်းရပါတယ်။ Stress ပိုပိပြီး စိတ်ပင်ပန်းလူပင်ပန်း ဖြစ်ရပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ခံစားချက်တွေကို အတတ်နိုင်ဆုံး ထိန်းချုပ်ဖို့ ကြိုးစားသင့်ပါတယ်။ ဒီနည်းလမ်း ၅ မျိုးကတော့ သင့်အတွက် ဖြစ်တာကို လျှော့ချပေးနိုင်မယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

Overthinking မဖြစ်အောင်နေပါ

အရေးကြီးတာက overthinking မဖြစ်ဖို့ပါပဲ။ အထူးသဖြင့် emotionally sensitive ဖြစ်တဲ့သူတွေက တစ်ခုခုဆို အတွေးတွေလွန်ပြီး စိတ်ကြောင့် နေထိုင်မကောင်းဖြစ်တာ၊ စိတ်တိုတာ၊ ဒေါသထွက်တာ၊ ဝမ်းနည်းတာ၊ အားလုံးအဆင်မပြေဘူးလို့ ခံစားရတာမျိုးတွေ ဖြစ်လာစေပါတယ်။ ဒါကြောင့် emotionally sensitive ဖြစ်တာကို လျှော့ချဖို့ဆိုရင်တော့ overthinking မဖြစ်အောင် ကြိုးစားရမှာပါပဲ။

အကောင်းဘက်ကိုများများတွေးပါ

Emotionally sensitive ဖြစ်တဲ့သူတွေက တစ်ခုခုဆိုရင် အဆိုးဘက်ကိုပဲဦးတည်ပြီး တွေးကြတာများပါတယ်။ အဲ့မှာစိတ်ဓာတ်တွေပိုကျပြီး စိတ်အဆင်မပြေတာတွေ ဖြစ်လာတော့တာပါပဲ။ စိတ်အဆင်မပြေရင် နေရတာလည်း အဆင်မပြေသလို ဘာလုပ်လုပ်လည်း အဆင်မပြေဘူးဆိုတဲ့ အတွေးတွေပဲ ဖြစ်နေတတ်ပါတယ်။ အကောင်းဘက်ကိုပဲ များများတွေးလိုက်ရင် အဆင်မပြေတာကြုံရရင်တောင် ကောင်းဖို့ဖြစ်လာတာပဲ၊ ပိုကောင်းမယ့်အရာတွေ လာနိုင်တာပဲဆိုပြီး စိတ်ကျေနပ်နိုင်ပါတယ်။

ကိုယ့်အားကိုယ်ကိုးပါ

တစ်ခုခုဆို တစ်ယောက်ထဲမလုပ်ရဲဘူး အဖော်ရှိမှ အဖော်ပါမှဆိုရင် ကြာလေပိုအားနည်းတဲ့သူ ဖြစ်လာလေပါပဲ။ ပိုပြီးတော့လည်း စိတ်ခံစားလွယ်လာပါလိမ့်မယ်။ သန်မာတဲ့သူတစ်ယောက်ဖြစ်အောင် ကိုယ်တိုင်ပြောင်းလဲမှပဲရမှာပါ။ ဒီတော့ ကိုယ့်ကိုယ်ကိုအားကိုးပါ။ တစ်ယောက်ထဲလုပ်ပါ။ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်း ပိုတိုးလာပြီး စိတ်အခြေအနေတွေလည်း ပြောင်းလဲသွားမှာပါ။

ရင်ဖွင့်တိုင်ပင်ပါ

တစ်ယောက်ထဲတွေးပြီး စိတ်ဆင်းရဲနေမယ့်အစား အတွေးတွေမှားနေမယ့်အစား စိတ်သက်သာရာရပြီး အကြံရအောင်လို့ ကိုယ်ယုံကြည်ရတဲ့ ခင်ရတဲ့သူကို ရင်ဖွင့်တိုင်ပင်တာမျိုး လုပ်ကြည့်ပါ။ စိတ်သက်သာရာရပြီး အကြံဉာဏ်ကောင်းတွေလည်း ရလာနိုင်ပါတယ်။

တရားထိုင်ပါ

တရားထိုင်ပေးခြင်းက စိတ်တည်ငြိမ်စေပြီး stress တွေလည်း လျော့ကျစေသလို ခေါင်းအေးအေးထားပြီး စဉ်းစားနိုင်စွမ်းတွေ၊ စဉ်းစားဆုံးဖြတ်နိုင်စွမ်းတွေလည်း ပိုတိုးလာစေပါတယ်။