မင်္ဂလာပါ ပျိုမေတို့ရေ။ မိန်းကလေးတိုင်းလိုလို Period လာချိန်ဆိုရင် ခန္ဓာကိုယ်နာကျင်တာ၊ ပင်ပန်းနွမ်းနယ်နေတတ်တာနဲ့ စိတ်အတက်အကျများတာတွေ ဖြစ်တတ်ကြပါတယ်။ ဒီလိုနေ့တွေမှာ ဘာမှမလုပ်ဘဲနဲ့တောင် ခန္ဓာကိုယ်လေးလံတာ၊ ပင်ပန်းနေတာမျိုးဖြစ်တတ်လို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်နော်။ ဒီတစ်ခေါက်မှာတော့ ပျိုမေတို့ ရာသီလာချိန် ပင်ပန်းနွမ်းနယ်တာတွေသက်သာဖို့ ပြုလုပ်ပေးသင့်တဲ့အရာတွေကို ဖော်ပြပေးချင်ပါတယ်။ မိန်းကလေးတိုင်းရှိသင့်တဲ့ အလေ့အကျင့်တွေဖြစ်လို့ သိချင်တယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

အာဟာရှိတဲ့စားသောက်မှု


ပျိုမေတို့အနေနဲ့ ဒီလိုအချိန်မှာ ကိုယ်စားတဲ့အစားအသောက်ကလည်း အရေးကြီးပါတယ်။ Coffee၊ သကြားနဲ့ ဆားများတဲ့အစားအသောက်တွေရှောင်ပြီး ကျန်းမာရေးနဲ့ညီတဲ့ ဗီတာမင်ဓာတ်၊ သံဓာတ်ပါတဲ့ အစိမ်းရောင်အသီးအရွက်တွေမှီဝဲတာက ခန္ဓာကိုယ်အတွက် အားဖြစ်စေသလို လန်းလန်းဆန်းဆန်းရှိဖို့ ထောက်ပံ့ပေးပါလိမ့်မယ်။

ရေများများသောက်တာ


ရေဓာတ်ဆုံးရှုံးနေရင်လည်း ခန္ဓာကိုယ်ကနွမ်းနယ်နေမှာဖြစ်လို့ တစ်နေ့အနည်းဆုံး ရေနှစ်လီတာပြည့်အောင် သောက်တဲ့အကျင့်လုပ်ပေးဖို့ လိုပါတယ်နော်။

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတာ


ပျိုမေတို့အနေနဲ့ Period အချိန်မှာလည်း ပြေးတာ၊ ခုန်ပေါက်တာမျိုးမဟုတ်တဲ့ ချွေးထွက်ရုံ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ လုပ်လို့ရပါတယ်နော်။ လေ့ကျင့်ခန်းတိုင်းက နှလုံးခုန်နှုန်းမြန်ပြီး သွေးစီးဆင်းအားကောင်းစေတာမို့ Endorphin လို့ခေါ်တဲ့ ပျော်ရွှင်မှုဟော်မုန်းတစ်မျိုုး ထွက်စေပါတယ်။ သင်က ရာသီလာချိန် ဗိုက်အောင့်တတ်တဲ့သူဆိုရင် မလာခင် တစ်ပတ်အလိုလောက်ကြိုပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတာမျိုးက ခန္ဓာကိုယ်ပေါ့ပါးနေအောင် ပံ့ပိုးပေးမှာပါ။

ညဘက်စောစောအိပ်တာ


ဒီလိုအချိန်ပင်ပန်းမနေဖို့ အိပ်ရေးဝနေဖို့ကလည်း အရေးကြီးပါတယ်။ နေ့တိုင်းပုံမှန်အိပ်ရာဝင်ချိန်ထားပြီး စောစောအိပ်ပေးပါ။ တစ်နေ့အိပ်ချိန် ၇ နာရီလောက်ရှိထားတာ အကောင်းဆုံးပါပဲ။

အကြောလျှော့ပြီး ခန္ဓာကိုယ်အနားပေးတာ


ရာသီလာချိန်မှာ Stress မများနေဖို့လိုတာမို့ စိတ်ဖိစီးမှုပြေစေမယ့် ယောဂကျင့်တာ၊ နှိပ်နယ်တာ၊ အသက်ရှုလေ့ကျင့်ခန်းနဲ့ တရားထိုင်တာလေးတွေလုပ်ပြီးတော့လည်း ခန္ဓာကိုယ်ကို အနားပေးသင့်ပါတယ်နော်။ ဒါတွေကို ညဘက်အိပ်ရာဝင်ခါနီး လုပ်ပေးမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ပါ အထောက်အကူဖြစ်ပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar