မင်္ဂလာပါနော်။ လေ့ကျင့်ခန်းလုပ်ဖို့ စိတ်မပါတာမို့ အကြောင်းအမျိုးမျိုးပြပြီး ရက်ရွှေ့ရင်း သံသရာလည်နေတဲ့သူတွေရှိလား။ အခုလို ဆောင်းဝင်လာတဲ့ရာသီမှာဆို လှုပ်လှုပ်ရှားရှားမနေရင် အဆီပိုစုတတ်တာမို့ ပုံမှန်လေ့ကျင့်ခန်းလေးတွေက မဖြစ်မနေလုပ်ဖို့လိုအပ်ပါတယ်။ သင်က လတ်တလောမှာ လေ့ကျင့်ခန်းလုပ်ချင်စိတ်ပျောက်နေတယ်ဆိုရင် ပြန်ပြီးစိတ်ပါလာအောင် အာရုံပြောင်းလို့ရတဲ့ နည်းလေးတွေ သိထားသင့်ပါတယ်နော်။

အခုတစ်ခေါက်မှာ လေ့ကျင့်ခန်းလုပ်ဖို့ Motivation ပြန်ရအောင်ဖန်တီးနိုင်မယ့် နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အားကစားဖက်ရှင်တွေ ဆင်ပေးပါ

လေ့ကျင့်ခန်းလုပ်ဖို့ စိတ်ဝင်စားလာအောင် ကိုယ့်အတွက် အားကစားဝတ်စုံသစ် ဒါမှမဟုတ် ဖိနပ်အသစ်လေးဝတ်လိုက်တာမျိုးလုပ်ကြည့်ပါ။ အပြောင်းအလဲလေးဖြစ်သလို ကိုယ်အသစ်ဝယ်ထားတာနဲ့ လေ့ကျင့်ခန်းလုပ်ကြည့်ချင်စိတ်လည်း ပေါ်လာမှာပါ။ ဒီလိုနဲ့ လေ့ကျင့်ခန်းလည်း လုပ်ဖြစ်သွားပါလိမ့်မယ်။

၂။ သူငယ်ချင်းတွေနဲ့ အဖော်စပ်ကြည့်ပါ

တစ်ယောက်ထဲနေရင် လေ့ကျင့်ခန်းလုပ်ဖို့ကို အချိန်ဆွဲပြီး လက်လျှော့လိုက်တာများပါတယ်။ ဒီလိုမဖြစ်တော့အောင် ကိုယ်နဲ့အတူလုပ်မယ့် သူငယ်ချင်းတွေရှာပြီး အဖော်စပ်ထားပါ။ အချင်းချင်း Motivation အပြန်အလှန်ပေးရင်းနဲ့ မပျင်းရတော့ပါဘူး။

၃။ Gym Trainer နဲ့ ဆက်သွယ်ပါ

တကယ်လို့ သင်ကအတူလုပ်မယ့် သူငယ်ချင်းမရှိရင် Gym Trainer နဲ့ချိတ်ထားတာမျိုး လုပ်လို့ရပါတယ်။ Trainer တစ်ယောက်ရှိထားတာက သင့်ကိုလေ့ကျင့်ခန်းလုပ်ဖို့မမေ့အောင် ဆွဲခေါ်ပေးမှာပါ။ Gym ကို တစ်လစာကြိုပြီးပေးထားလိုက်တာမျိုးလည်း လုပ်နိုင်ပါတယ်။ ဒီလိုဆို ပိုက်ဆံအလကားဖြစ်မှာ စိုးရိမ်တဲ့စိတ်နဲ့ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ်သွားပါလိမ့်မယ်။

၄။ တစ်နေ့တာမှာ လှုပ်ရှားရတဲ့ Activity တစ်ခုထည့်လုပ်ပါ

သင်က လေ့ကျင့်ခန်းလုပ်ဖို့အထိ စိတ်မပါသေးဘူးဆိုရင် လှုပ်လှုပ်ရှားရှားလုပ်ရတဲ့ Activity တစ်ခုကို ပုံမှန်လုပ်ပေးတာမျိုး စမ်းကြည့်ပါ။ ဥပမာ ကိုယ်ကြိုက်တဲ့သီချင်းနဲ့ကတာ၊ ဝါသနာပါတဲ့ အားကစားတစ်ခုလိုက်စားတာမျိုး လုပ်ပေးနိုင်ပါတယ်။

၅။ ကိုယ်ကိုယ်ကိုယ် ဆုချဖို့ ကြိုတွေးကြည့်ပါ

နောက်ထပ် လေ့ကျင့်ခန်းအတွက် Motivation ရဖို့လုပ်သင့်တာကတော့ ကိုယ်လိုချင်တဲ့ Body Goal တစ်ခုရောက်တဲ့အခါ လိုချင်တာလေးဝယ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆုချပေးတဲ့ပုံစံ မြင်ယောင်ကြည့်ရမှာပါ။ ဒီလို မြင်ယောင်လိုက်တာက သင့်ကိုစိတ်ကျေနပ်မှုရစေသလို လေ့ကျင့်ခန်းစလုပ်ဖို့ တွန်းအားတစ်ခုဖြစ်စေမှာ အမှန်ပါပဲ။

Photo Source: Pinterest

By MyStyle Myanmar