စောစောအိပ်ရာဝင်ဖို့ အခက်တွေ့နေတဲ့သူတွေ၊ ညဘက်ဆို နောက်ကျမှ အိပ်လေ့ရှိတဲ့သူတွေအတွက် ညဘက်စောစောအိပ်နိုင်ဖို့ စောစောအိပ်ရာဝင်နိုင်ဖို့ ကိုယ့်ကိုယ်ကိုပြန်ပြီးလှုံ့ဆော်လို့ရတဲ့ နည်းလမ်း ၅ ခုကို မျှဝေပေးချင်ပါတယ်။

အိပ်ရာကိုအိပ်ချင်စရာကောင်းအောင်ပြင်ဆင်ပါ

အိပ်ရာကို အိပ်ချင်စရာကောင်းအောင် ပြင်ဆင်ထားမယ်၊ သပ်သပ်ရပ်ရပ်လေး လုပ်ထားမယ်ဆိုရင် မြင်နေရုံနဲ့တင် ပစ်လှဲချင်စိတ်တွေ ပေါက်လာမှာပါ။ အိပ်ရာက သန့်ရှင်းသပ်ရပ်နေရင် နှစ်နှစ်ခြိုက်ခြိုက်နဲ့ ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။

မနက်ပိုင်းမှာလေ့ကျင့်ခန်းလုပ်ပါ

မနက်ပိုင်းမှာ အိပ်ရာနိုးတာနဲ့ လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အကျင့်ကို ပြုလုပ်ထားမယ်ဆိုရင် ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။

Screen Time လျှော့ချလိုက်ပါ

Screen Time ကို လျှော့ချပြီး အိပ်ရာစောစောဝင်မယ်ဆိုရင် နောက်ပိုင်းမှာလည်း အကျင့်ဖြစ်သွားပါလိမ့်မယ်။ အိပ်ရာစောစောဝင်ပြီး အိပ်မပျော်ဘူးဆိုရင် စာအုပ်ဖတ်ပါ။ မျက်စိညောင်းပြီး အိပ်ပျော်သွားပါလိမ့်မယ်။ လုပ်စရာလည်း ထွေထွေထူးထူးမရှိဘူး၊ ဖုန်းကြည့်စရာ၊ TV ကြည့်စရာလည်းမရှိဘူးဆိုရင် အိပ်ရာဝင်ဖို့ပဲ ရှိပါတော့တယ်။ ဒီတော့ Screen Time လျှော့ချခြင်းက စောစောအိပ်ရာဝင်နိုင်ဖို့ကို ကူညီပေးပါလိမ့်မယ်။

တရားထိုင်ပါ

မအိပ်ခင် နာရီဝက်၊ တစ်နာရီအလိုမှာ တရားထိုင်ပေးပါ။ ကြာကြာထိုင်နိုင်လေ ကောင်းလေပါပဲ။ ကုသိုလ်လည်းရသလို နှစ်နှစ်ခြိုက်ခြိုက်နဲ့ အမြန်ဆုံးအိပ်ပျော်နိုင်ဖို့ကိုလည်း ကူညီပေးပါတယ်။

Herbal Tea သောက်ပါ

စောစောအိပ်ယာဝင်ပြီး ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ ညအိပ်ယာမဝင်ခင်မှာ Herbal Tea သောက်ပေးပါ။ ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။