ဆံပင်အရမ်းအဆီပြန်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ဆံပင်အဆီပြန်ခြင်းကို လျှော့ချပေးနိုင်မယ့် နည်းလမ်း ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ ဆံပင်အဆီပြန်လာတိုင်း ခေါင်းလျှော်တာမျိုးမလုပ်ပဲ ဒီနည်းလမ်း ၅ ခုကို လုပ်ကြည့်ပါ။ အဆီပြန်တာ သက်သာလာပါလိမ့်မယ်။

Conditioner ကို ဦးရေပြားထိအောင်မသုံးပါနဲ့

Conditioner သုံးတဲ့အခါမှာ ဦးရေပြားထိအောင်သုံးရင် ဆံပင်အဆီပြန်စေပါတယ်။ ခေါင်းလျှော်ပြီးတာနဲ့ ဆံပင်က ကပ်ကပ်ကြီးဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ဒီအချက်က အရေးကြီးပါတယ်။

Dry Shampoo သုံးပါ

ဆံပင်အဆီပြန်တိုင်း ခေါင်းလျှော်မယ်ဆိုရင် အဆီပြန်တာက ပိုဆိုးလာပါလိမ့်မယ်။ ဒီတော့ ခေါင်းလျှော်မယ့်အစား Dry Shampoo ကို အစားထိုးသုံးကြည့်ပါ။ တစ်ပတ်တစ်ခါလောက်ပဲ ခေါင်းလျှော်ပြီး သွားစရာရှိလို့ ဆံပင်အဆီပြန်နေတဲ့အခါမှာတော့ Dry Shampoo သုံးပေးပါ။

Natural Remedies တွေသုံးပါ

ဆံပင်ကအရမ်းအဆီပြန်တယ်ဆိုရင် တစ်ပတ်တစ်ခါ Natural Remedies တွေသုံးကြည့်ပါ။ Black Tea ကို ခွက်တစ်ခွက်စာလောက် ဆူပွက်အောင်တည်ပြီး ဆူလာပြီဆိုရင် အအေးခံထားလိုက်ပါ။ အေးသွားပြီဆိုရင် ခေါင်းလောင်းချပြီး ရေစစ်ကာ ၅ မိနစ်ထားပါ။ ဆံပင်အဆီပြန်တာ သက်သာလာပါလိမ့်မယ်။

ဆံသားနဲ့ကိုက်ညီတဲ့ Shampoo သုံးပါ

ဆံပင်အဆီပြန်တဲ့သူက အဆီပြန်တာ သက်သာစေမယ့် Shampoo တွေ ရွေးသုံးပေးပါ။ Oil Control ဆိုတာမျိုး သုံးပေးလို့ရပါတယ်။ ကိုယ်သုံးတဲ့ Shampoo က ကိုယ့်ဆံသားနဲ့ ကိုက်ညီမှုမရှိရင်လည်း ဆံပင်အဆီပြန်တာ၊ ဗောက်ထတာတွေ ဖြစ်စေတဲ့အတွက် သေချာရွေးသုံးပေးပါ။

ခေါင်းခဏခဏမလျှော်ပါနဲ့

ခေါင်းခဏခဏလျှော်ရင် ဆံပင်အဆီပြန်တာတွေက ပိုဆိုးလာမှာပါ။ ဒါကြောင့် အပေါ်မှာပြောခဲ့သလိုပဲ ခေါင်းခဏခဏလျှော်မယ့်အစား သွားစရာရှိတဲ့အခါ Dry Shampoo ကို အစားထိုးသုံးလိုက်ပါ။ ဒါဆိုရင် အဆီပြန်တာက ပိုဆိုးမလာတော့ပဲ သက်သာသွားပါလိမ့်မယ်။