အသားလည်းခြောက်တယ် Mask တွေလည်း ဝယ်မသုံးချင်ဘူးဆိုတဲ့သူတွေအတွက် သဘာဝနည်းလမ်းတွေနဲ့ Homemade mask ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ Homemade mask ပြုလုပ်နည်း ၅ မျိုးတောင်ဖြစ်လို့ ကိုယ်အဆင်ပြေရာတစ်မျိုးကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။

Oatmeal mask

ရေနွေး ၁၂၀ မီလီလီတာကို oatmeal – ၄၃ ဂရမ်နဲ့ ရောမွှေပြီး ၂ မိနစ်ထားပါ။ အချိန်ပြည့်မှ ဒိန်ချဉ် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပျားရည် – စားပွဲတင်ဇွန်း ၂ ဇွန်း ရောထည့်ပြီး ထပ်မွှေပါ။ ပြီးရင်တော့ မျက်နှာမှာလိမ်းပြီး ၁၅ မိနစ်ထားပါ။ အချန်ပြည့်မှ မျက်နှာသစ်ပေးပါ။

Avocado mask

ထောပတ်သီးတစ်ခြမ်းကို အသားတွေခြစ်ယူပြီး ချေပေးပါ။ ပြီးရင် ဒိန်ချဉ် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ပြီးတော့ ရောမွှေပါ။ သေချာသမအောင်မွှေပြီးရင် မျက်နှာမှာလမ်းပြီး ၁၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် မျက်နှာသစ်လိုက်ရုံပါပဲ။

Banana mask

ငှက်ပျောသီးတစ်လုံးကို ချေပြီးတော့ မျက်နှာမှာလိမ်းပြီး ၁၅ မိနစ်ထားပါ။ အချိန်ပြည်ရင် မျက်နှာသစ်ရုံပါပဲ။ နောက်တစ်မျိုးအနေနဲ့ ငှက်ပျောသီးတစ်လုံးကိုချေပြီး နွားနို့ – စားပွဲတင်ဇွန်း ထည့်မွှေပြီး မျက်နှာမှာလိမ်း၊ ၁၅ မိနစ်ထား၊ အချိန်ပြည့်ရင် မျက်နှာသစ်ရုံပါပဲ။

Egg yolk mask

ကြက်ဥကိုဖောက်ပြီး အနှစ်ပဲယူပါမယ်။ ကြက်ဥအနှစ်ကို သစ်ကြံပိုးခေါက်အမှုန့် နည်းနည်းလေးထည့်ပြီး မွှေလိုက်ပါ။ ပြီးရင် မျက်နှာမှာလိမ်းပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်မှ ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ပေးပါ။

Orange yogurt mask

Orange juice – လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ဒိန်ချဉ် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပြီး မျက်နှာကိုလိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးရင်တော့ မျက်နှာသစ်လို့ရပါပြီ။

ဒီ Homemade mask တွေအားလုံးက အသားခြောက်တဲ့ dry skin တွေအတွက် hydrating ရစေပြီး အသားအရေစိုပြည်လာစေတယ်၊ အသားအရေချောမွေ့လာစေပါတယ်။ အနည်းဆုံး တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးရုံပါပဲ။