လူတိုင်းကတော့ အချစ်ရေးကံကောင်းချင်ကြတယ်။ ပျော်ရွှင်တဲ့ Relationship တစ်ခုကို ပိုင်ဆိုင်ချင်ကြတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျရင်လည်း ကိုယ်ရွေးချယ်လိုက်တဲ့အချစ်ရေးက ကိုယ့်အတွက် မကောင်းတဲ့ Toxic Relationship တစ်ခုဖြစ်နေတတ်ပါတယ်။ ဒါကြောင့် သင်ရွေးချယ်ထားတဲ့အချစ်ရေးက Toxic Relationship တစ်ခုဖြစ်နေပြီဆိုတာကို ဖော်ပြနေတဲ့အချက်တွေကို ပြောပြပေးလိုက်ပါတယ်။ ဒီအချက်တွေနဲ့ တော်တော်များများကိုက်ညီနေပြီဆိုရင်တော့ သေချာပြန်စဉ်းစားသင့်နေပါပြီ။

ဘာမဟုတ်တဲ့သေးသေးလေးတွေကအစ စကားများကြတယ်

ချစ်သူရည်းစားတွေက စကားများကြတာ၊ ရန်ဖြစ်ကြတာမှန်ပေမယ့် ဘာမဟုတ်တဲ့ သေးသေးလေးတွေကအစ ခဏခဏ စကားများပြီး ရန်ဖြစ်နေရတယ်ဆိုရင်တော့ ကြာလေစိတ်ညစ်စရာကောင်းလေ ဖြစ်လာပါလိမ့်မယ်။

သူငယ်ချင်းတွေကိုဆုံးရှုံးသွားတယ်

သင်ရွေးချယ်ထားတဲ့ Relationship ကြောင့် သင့်သူငယ်ချင်းတွေ အများကြီးကို ဆုံးရှုံးလိုက်ရတယ်ဆိုရင် ဒါဟာလည်း Toxic Relationship တစ်ခုပါပဲ။ တစ်ချို့က သူနဲ့ပဲနေ၊ သူနဲ့ပဲပတ်သက် အခြားသူတွေ သူငယ်ချင်းတွေနဲ့ကအစ သွားတာလာတာ၊ ပတ်သက်တာတွေကို တားမြစ်ချုပ်ချယ်တတ်ကြတယ်။ ဒီလိုနဲ့ပဲ သူငယ်ချင်းတွေနဲ့ အခင်အမင်တွေပျက်ကုန်တာမျိုး ဖြစ်သွားကြတယ်။

အိမ်မက်တွေဆုံးရှုံးသွားတယ်

သူနဲ့ချစ်မိလို့ သင်လုပ်ချင်တာတွေ၊ သင်ဖြစ်ချင်တဲ့အိမ်မက်တွေလည်း မလုပ်ရတော့ပဲ ဆုံးရှုံးလိုက်ရတယ်ဆိုရင်လည်း ဒါဟာ Toxic Relationship ထဲရောက်နေတာပါပဲ။ ဘယ်လောက်ပဲ ချစ်ချစ်၊ ဘာကြီးပဲဖြစ်နေပါစေ ကိုယ့်အိမ်မက်တွေကိုတော့ ဘယ်တော့မှ လက်လွှတ်အဆုံးရှုံးမခံပါနဲ့။

ကိုယ့်ကိုယ်ကိုပျောက်ဆုံးလာတယ်

သူနဲ့တွဲပြီးနောက်ပိုင်းမှ ငါ့ကိုယ်ငါဘာမှန်းတောင်မသိတော့ဘူးဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုုပျောက်ဆုံးလာတာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ ဒီလိုအတွေးမျိုးဝင်လာပြီဆိုရင် သင်ရွေးချယ်ထားတဲ့ သင့်လက်ရှိ Relationship က ပျော်စရာကောင်းမနေပဲ အရမ်းကို စိတ်ညစ်စရာကောင်းနေတဲ့ Toxic Relationship ဖြစ်နေလို့ပါပဲ။

တစ်ယောက်ထဲနေချင်လာတယ်

အပေါ်မှာပြောခဲ့တဲ့အချက်တွေအတိုင်း ခံစားရတာကြာလာတဲ့အခါမှာတော့ နောက်ဆုံးမှာ တစ်ယောက်ထဲပဲနေချင်လာပါတယ်။ အရာအားလုံး၊ လူအားလုံးကိုစိတ်ကုန်လာမယ်၊ တစ်ယောက်ထဲပဲနေချင်လာတော့တယ်။ လုံးဝလည်း မပျော်ရွှင်တော့ပဲ အတွေးတွေပဲ ပိုပြီးများလာပါလိမ့်မယ်။