နွေရာသီမှာဆိုရင် ဆံသားက အဆီတွေပိုထွက်ပြီး မလှတာမျိုး၊ ဆံသားပိုဖွာပြီး ခြောက်သွေ့တာမျိုးတွေ အရမ်းဖြစ်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေအတွက် နွေရာသီမှာ ဆံသား fresh ဖြစ်နေအောင် ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကောင်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

Dry Shampoo သုံးပါ

နွေရာသီမှာ ဆံသားက အဆီပြန်ပြီး greasy ဖြစ်တာကြောင့် ခေါင်းခဏခဏလျှော်ဖို့ကျတော့လည်း အဆင်မပြေပါဘူး။ ဒါကြောင့် dry shampoo သုံးပါ။ ဆံသားပုံကျပြီး လှနေပါလိမ့်မယ်။ Dry shampoo မရှိလည်း အပြင်သွားခါနီး baby powder ကို သုံးပေးလို့ရပါတယ်။

Hair Clay Mask ကို တစ်ပတ်တစ်ကြိမ်သုံးပါ

Hair mask ကိုမှ clay mask အမျိုးအစားသုံးပေးတာက ဦးရေပြားအဆီပြန်တာကို သက်သာစေပါတယ်။ ဦးရေပြားက အဆိပ်အတောက်တွေနဲ့ dead skin cells တွေကိုလည်းဖယ်ရှားပေးပြီး ဦးရေပြားသန့်ရှင်းစေတယ်၊ ဆံသားပိုပြီး ကျန်းမာစေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ကြိမ် သုံးပေးပါ။

Peppermint Oil သုံးပါ

Peppermint oil ကိုသုံးပေးခြင်းက နွေရာသီမှာဖြစ်လေ့ရှိတဲ့ ဦရေပြားအဆီပြန်ပြီး ယားယံတာတွေကို သက်သာစေပါတယ်။ ဦးရေပြားအေးမြစေပါတယ်။ သုံးရမယ့်ပုံစံကတော့ peppermint oil ကို ရေထဲထည့်ပြီး ခေါင်းလောင်းချပြီး လျှော်ပေးပါ။ နောက်တစ်နည်းအနေနဲ့ peppermint oil ကို ဦးရေပြားမှာလိမ်းပြီး မိနစ်အနည်ငယ်ထားပါ။ ပြီးမှ ခေါင်းလျှော်ချလိုက်ပါ။

Heat Styling တွေရှောင်ပါ

Heat styling တွေက ဆံသားခြောက်သွေ့ပြီး ဖွာစေတယ်၊ ဆံသားပျက်စီးစေပါတယ်။ နွေရာသီမှာဆိုရင် ပိုဆိုးပါတယ်။ အပြင်ကနေအပူရှိန်နဲ့ heat styling အပူတွေနဲ့ ခဏခဏထိတွေ့နေရင် ဆံသားကျွတ်ဆတ်ပြီး ပျက်စီးစေပါတယ်။

အကာအကွယ်မပါပဲအပြင်မသွားပါနဲ့

နွေရာသီမှာ UV Rays ကြောင့် ဆံသားပျက်စီးစေပါတယ်။ ဆံသားအရောင် နီကြောင်ကြောင်တွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အပြင်သွားမယ်ဆိုရင် ထီး၊ ဦးထုပ် မပါပဲ မသွားပါနဲ့။ Hair sun spray တွေ သုံးပေးရင်လည်း ကောင်းပါတယ်။