ဝက်ခြံကြောင့် နီမြန်းရောင်ရမ်းတာတွေ သက်သာအောင်လုပ်တဲ့ သဘာဝအိမ်တွင်းဖြစ် နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် တချို့ကျ အဲ့လိုတွေလုပ်ရတာ အလုပ်ရှုပ်တယ်ဆိုပြီး သိပ်မလုပ်ဖြစ်ကြပါဘူး။ ဒါကြောင့် အိမ်တွင်းဖြစ်နည်းလမ်းတွေ လုပ်ရမှာကို ပျင်းတဲ့သူတွေအတွက် ဝက်ခြံကြောင့် နီမြန်းရောင်ရမ်းတာတွေ သက်သာစေမယ့် အထိရောက်ဆုံး နည်းလမ်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

Cleansing သေချာလုပ်ပါ

Cleansing သေချာမလုပ်ရင် ဝက်ခြံတွေ ပိုဆိုးလာမှာပါ။ ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံကြောင့် နီမြန်းရောင်ရမ်းတာတွေလည်း ပိုဆိုးလာမှာပါ။ ဒါကြောင့် အရင်ဆုံးလုပ်ရမှာကတော့ တစ်နေ့ ၂ ကြိမ် cleansing လုပ်ပါ။ ဝက်ခြံသမားတွေက gentle cleanser, fragrance-free, noncomedogenic ဖြစ်တာတွေ ရွေးသုံးပါ။

Niacinamide

ကိုယ်သုံးမယ့် skincare တွေထဲမှာ niacinamide ပါတာကို ရွေးသုံးပေးပါ။ Niacinamide က ဝက်ခြံတွေ သက်သာစေပြီး ဝက်ခြံကြောင့် နီမြန်းရောင်ရမ်းတာ၊ အမာရွတ်၊ အမဲစက်ကျန်ခဲ့တာတွေကိုပါ သက်သာစေပါတယ်။ များသောအားဖြင့်တော့ niacinamide ကို serum အဖြစ်ပဲ သုံးကြပါတယ်။

Salicylic acid

Salicylic acid က ဝက်ခြံသမားတွေအတွက် အရမ်းကောင်းပါတယ်။ Salicylic acid ပါတဲ့ skincare product တွေကို သုံးပေးတာက ဝက်ခြံကြောင့် နီမြန်းရောင်ရမ်းတာ၊ ယားယံတာတွေကို သက်သာစေတယ်၊ ဝက်ခြံတွေ သက်သာစေပါတယ်။

Pimple patches

Pimple patches လေးတွေကပ်ပေးခြင်းက ဝက်ခြံတွေချပ်သွားတာမြန်ပြီး ဝက်ခြံကြောင့် နီမြန်းရောင်ရမ်းတာတွေလည်း မြန်မြန်သက်သာစေပါတယ်။

ရေခဲ

အိမ်တွင်းဖြစ်နည်းလမ်းတွေ လုပ်ရမှာပျင်းတဲ့သူတွေအတွက် ဒီနည်းလမ်းကတော့ အသက်သာဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်းပါပဲ။ အဝတ်အသန့် (သို့) ရေခဲအိတ်ထဲကို ရေခဲထည့်ပြီး ဝက်ခြံကိုကပ်ပေးခြင်းက ဝက်ခြံကြောင့် နီမြန်းရောင်ရမ်းတာတွေ မြန်မြန်သက်သာသွားစေပါတယ်။ အနည်းဆုံး ၁၀ မိနစ်တော့ ကပ်ပေးရပါမယ်။