နားထဲမှာ ဝက်ခြံပေါက်တာက ဖြစ်တတ်တဲ့အရာတစ်ခုမို့ စိုးရိမ်စရာတော့ မရှိပါဘူး။ နားအရိုးပေါ်မှာပေါက်ရင်သာ နာတာမျိုးဖြစ်တာပါ။ ဝက်ခြံကကြီးပြီး ရောင်နေရင် ဖိအိပ်မိတဲ့အခါ နာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နားထဲမှာဝက်ခြံပေါက်တဲ့အခါမှာ အမြန်ဆုံးပျောက်အောင်လုပ်နိုင်မယ့် နည်းလမ်း ၅ မျိုးကို ပြောပြပေးလိုက်ပါတယ်။

Acne spot treatment

Benzoyl peroxide, salicylic acid, or retinoids ပါတဲ့ Acne spot treatment တွေကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် နားတစ်ဝိုက်အရေပြားက နူးညံ့ပြီး ယားယံခြင်းနဲ့ ထိခိုက်လွယ်ခြင်းတို့ကို ပိုဖြစ်စေတာကြောင့် ကြမ်းကြမ်းတမ်းတမ်းမလုပ်ဖို့တော့ လိုပါတယ်။ Acne spot treatment လိမ်းတဲ့အခါမှာလည်း ဖြေးဖြေးချင်းစီ ပွတ်လိမ်းတာမျိုး၊ တို့လိမ်းတာမျိုးပဲ လုပ်ပေးပါ။ နေ့တိုင်း တစ်နေ့ကို ၂ ကြိမ် ၃ ကြိမ် ပုံမှန်လိမ်းပေးရင် အမြန်ဆုံး ပျောက်စေပါတယ်။

Tea tree oil

Tea tree oil မှာက natural antibacterial properties တွေပါဝင်တာကြောင့် အရေပြားပေါ်မှာရှိတဲ့ bacteria တွေကို လျော့ပါးစေပြီး ရောင်ရမ်းမှုကိုလည်း သက်သာစေပါတယ်။ ဒါကြောင့် နားမှာဝက်ခြံပေါက်ရင် Tea tree oil ကို သုံးပေးရင် သက်သာပျောက်ကင်းစေပါတယ်။

Warm compress

Warm compress သုံးပြီး ဝက်ခြံကို တိုက်ရိုက်ကပ်ပေးတာမျိုး၊ ဒါမှမဟုတ်လည်း အဝတ်အသန့်ကို ရေနွေးစိမ်ပြီး နွေးတဲ့အနေအထားမှာ ရေညှစ်ချပြီး ကပ်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် ကပ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက ချွေးပေါက်ကိုပွင့်စေပြီး အနာကျက်မြန်စေသလို ဝက်ခြံတွေကိုလည်း သက်သာအောင် လုပ်ပေးနိုင်ပါတယ်။

သန့်ရှင်းအောင်ထားပါ

ဝက်ခြံပေါက်တဲ့နေရာနားတစ်ဝိုက်ကို သန့်ရှင်းအောင်ထားဖို့က အရမ်းအရေးကြီးပါတယ်။ မသန့်ရင် ပိုးဝင်ပြီး ဝက်ခြံတွေရောင်ရမ်းတာ၊ ပိုပွားလာတာမျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် mild ဖြစ်တဲ့ cleanser နဲ့သန့်စင်ပေးပြီး သန့်ရှင်းအောင်ထားပါ။

ကုတ်ဖဲ့တာမျိုးလုံးဝမလုပ်ပါနဲ့

နားမှာဝက်ခြံပေါက်ရင်လည်း လက်နဲ့ကလိပြီး ကုတ်ဖဲ့တာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ ဒီလိုလုပ်ရင် ဝက်ခြံက ပိုးဝင်တာ၊ သွေးထွက်တာတွေဖြစ်ပြီး အနာဖြစ်လာပါလိမ့်မယ်။ သေးသေးလေးကနေ အကြီးကြီးတွေဖြစ်ပြီး ပျောက်သွားရင်လည်း အမာရွတ်ကျန်စေပါတယ်။