အရွယ်ရောက်ပြီးသူတော်တော်များများကတော့ ဆားဝက်ခြံထွက်တဲ့ပြဿနာနဲ့ ကြုံဖူးကြမှာပါ။ များသောအားဖြင့် ချွေးပေါက်ထဲမှာ ဖုန်၊ အညစ်အကြေးနဲ့ ဆဲလ်သေတွေ ပိတ်မိရာကတစ်ဆင့် ဆားဝက်ခြံ ဖြစ်တတ်ပြီး နှာခေါင်းထောင့်နဲ့ မေးစေ့နေရာတွေမှာ အထွက်များပါတယ်။ မျက်နှာမှာ ဆားဝက်ခြံတွေ ရှိနေတာက အလှပျက်သလို ပျောက်သွားလည်း ပြန်ထွက်ဖို့လွယ်တာမို့ စိတ်ရှုပ်ဖို့ကောင်းပါတယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ကြည့်ရဆိုးတဲ့ ဆားဝက်ခြံတွေအရှင်းပျောက်ဖို့ ကူညီပေးမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးသွားမှာပါ။

Exfoliate လုပ်ပါ


ပထမနည်းကတော့ ချွေးပေါက်ထဲက ဆဲလ်သေတွေရှင်းသွားအောင် Exfoliate လုပ်ပေးရမှာပါ။ ချွေးပေါက်အတွင်းပိုင်းအထိသန့်စင်ပေးနိုင်တဲ့ သဘာ၀ Face Scrub တွေသုံးနိုင်ပါတယ်။ အလွန်အကျွံလုပ်မိရင်တော့ အသားပါးပြီး Sensitive ဖြစ်နိုင်တာကို သတိထားပါ။ နှစ်ပတ်တစ်ကြိမ်လောက်ဆို အဆင်ပြေပါတယ်။

Clay Mask သုံးပါ


Clay Mask ရဲ့အာနိသင်က ချွေးပေါက်ထဲမှာရှိတဲ့ အဆီတွေ အညစ်အကြေးတွေကို စုပ်ယူပြီး အရေပြားတွင်း အဆိပ်အတောက်ပြယ်စေတာမို့ ဆားဝက်ခြံဖြစ်တာကို သက်သာစေမှာပါ။ Exfoliate လုပ်ပြီးတဲ့အချိန် Clay Mask ကိုပါကပ်ပြီး ပေါင်းတင်တာမျိုး လုပ်ပေးပါ။

Skincare ကို ပေါ့ပေါပါးပါး ပြောင်းသုံးပါ


ရေရှည်မှာ ဆားဝက်ခြံတွေပြန်မဖြစ်အောင် ကိုယ့် Skin နဲ့လည်းတည့်ပြီး ပေါ့ပေါ့ပါးပါးဖြစ်တဲ့ Skincare ပစ္စည်းတွေ ပြောင်းသုံးပေးဖို့လိုပါတယ်။ ချွေးပေါက်ပိတ်စေတဲ့ မိတ်ကပ်ပစ္စည်းတွေ Heavy ဖြစ်တဲ့ Cream တွေကို အတတ်နိုင်ဆုံးရှောင်ပြီး ရေဓာတ်များတဲ့ Gel ပုံစံအမျိုးအစားတွေ ပြောင်းသုံးကြည့်သင့်ပါတယ်။

Retinol သုံးကြည့်ပါ


Vitamin A ပါတဲ့ Retinol က Skin ပြဿနာတော်တော်များများသက်သာပြီး မျက်နှာကြည်စေတာမို့ ဆားဝက်ခြံပျောက်ဖို့အတွက်လည်း အသုံးဝင်ပါတယ်။ ဒါပေမယ့် သူ့က အာနိသင်အနည်းငယ်ပြင်းတာမို့ ကိုယ့်အသားအရေနဲ့ အဆင်ပြေမပြေသိအောင် ရက်ခြားပြီးမှ သုံးတာမျိုး လုပ်ပေးပါ။ နေနဲ့တိုက်ရိုက်ထိရင်လည်း အာနိသင်ပြယ်လွယ်တာမို့ ညပိုင်းမှသာ သုံးသင့်ပါတယ်။

မိတ်ကပ်ပုံစံပြောင်းပေးပါ


ဆားဝက်ခြံမမြင်ရအောင် Concealer တွေ မိတ်ကပ်တွေနဲ့ဖုံးတာက ချွေးပေါက်ပိုပိတ်စေမှာပါနော်။ မိတ်ကပ်ထူထူလိမ်းတာကိုလျှော့ပြီး ပေါ့ပေါ့ပါးပါးနဲ့ Hydrating ဖြစ်မယ့် Foundation တွေပြောင်းသုံးတာမျိုး လုပ်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar