တစ်ခါတစ်လေ စိတ်ညစ်တဲ့အခါ၊ စိတ်ဓာတ်ကျတဲ့အခါမှာတော့ မကောင်းတဲ့အတွေးတွေ၊ မကောင်းတဲ့စိတ်ခံစားချက်တွေက ဝင်တတ်တာပါပဲ။ ဒီလို မကောင်းတဲ့အတွေးတွေ၊ မကောင်းတဲ့စိတ်ခံစားချက်တွေက တစ်ခါတစ်လေမဟုတ်ပဲ အမြဲတမ်းဖြစ်နေမယ်ဆိုရင်တော့ စိတ်ဓာတ်ကျခြင်းကိုပါ ခံစားလာရမှာပါ။ ဒါကြောင့် မကောင်းတဲ့အတွေးတွေ၊ မကောင်းတဲ့စိတ်ခံစားချက်တွေကို ဖယ်ရှားပစ်နိုင်မယ့် နည်းလမ်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

တရားထိုင်ပါ

တရားထိုင်တာက မကောင်းတဲ့အတွေးတွေ၊ မကောင်းတဲ့စိတ်ခံစားချက်တွေကို ဖယ်ရှားပစ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းပါပဲ။ စိတ်ခံစားချက်တွေကို ထိန်းချုပ်ပေးနိုင်ပြီး စိတ်ရောကိုယ်ပါ တည်ငြိမ်မှု၊ အေးချမ်းမှုကို ရရှိစေပါတယ်။

စိတ်ငြိမ်စေမယ့်အရာတွေလုပ်ပါ

မကောင်းတဲ့အတွေးတွေ၊ မကောင်းတဲ့စိတ်ခံစားချက်တွေကို ဖယ်ရှားပစ်နိုင်ဖို့ဆိုရင် အတွေးတွေမများအောင် နေရပါမယ်။ အတွေးတွေများနေရင် မကောင်းတဲ့ဘက်ကိုပဲ ဦးတည်ပြီး တွေးနေမိမှာပါ။ ဒါကြောင့် အားနေတဲ့အချိန်မှာ မကောင်းတာတွေတွေးနေမယ့်အစား စိတ်တည်ငြိမ်စေမယ့်အရာတွေကို လုပ်ရင်းနဲ့ အချိန်ကုန်ဆုံးလိုက်ပါ။ ဥပမာ – စာဖတ်တာ၊ ချည်ထိုးတာ စသဖြင့် တခြားအများကြီးလည်း ရှိပါတယ်။

ပျော်ရွှင်မှုကိုရှာဖွေပါ

ဘယ်အရာတွေလုပ်ရင် ကိုယ်ပျော်မလဲဆိုတာကို စဉ်းစားပါ။ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ရှာဖွေပြီး ပျော်စေမယ့်အရာတွေကိုပဲ လုပ်နေပါ။ ဒါဆိုရင် စိတ်ချမ်းသာလာမှာ၊ စိတ်ပျော်ရွှင်လာမှာ ဖြစ်တဲ့အတွက် မကောင်းတဲ့အတွေးတွေ၊ မကောင်းတဲ့စိတ်ခံစားချက်တွေကလည်း သူ့အလိုလိုလျော့ကျသွားပါလိမ့်မယ်။

ယောဂကျင့်ပါ

စိတ်ဖိစီးမှုတွေလည်းများနေတယ်၊ မကောင်းတဲ့အတွေးတွေ၊ မကောင်းတဲ့စိတ်ခံစားချက်တွေကလည်း ခဏခဏဝင်နေတယ်ဆိုရင် ယောဂသင်တန်းတက်ပြီး ယောဂကျင့်တာကို လုပ်ဆောင်ကြည့်ပါ။ ကိုယ်ရောစိတ်ပါ ကျန်းမာလှပပြီး ပျော်ရွှင်လာပါလိမ့်မယ်။

အကောင်းဘက်ကိုများများတွေးပါ

တစ်ခုခုတွေးတော့မယ်ဆိုရင် အရင်က မကောင်းတဲ့အတွေးတွေကိုပဲ ဦးတည်ပြီး တွေးနေမိတာဆိုရင် အခုကစပြီး အကောင်းဘက်ကို ပြောင်းတွေးကြည့်ပါ။ အဆင်မပြေတာတွေ ကြုံရရင်တောင်မှ ကောင်းဖို့ဖြစ်လာတယ်ဆိုပြီး လက်ရှိအခြေအနေကို သင်ခန်းစာယူကာ နောက်ထပ်မဖြစ်အောင် လုပ်မယ်ဆိုတဲ့စိတ်နဲ့ နေကြည့်ပါ။ အကောင်းဘက်ကို များများတွေးနိုင်လေ စိတ်သက်သာရာရပြီး စိတ်ချမ်းသာလေပါပဲ။