ဆံသားကို အစိုဓာတ်လျော့စေတဲ့ အကြောင်းအရာတွေအကုန်လုံးက ဆံပင်ကိုကျွတ်စေတဲ့ အကြောင်းအရင်းတွေပါပဲ။ ဆံပင်ကျွတ်တာကို ထိန်းဖို့က နည်းနည်းတော့ ခက်ပေမယ့် သက်သာအောင် လုပ်လို့ရတဲ့နည်းတွေတော့ ရှိပါတယ်။

1. ဦးရေပြားကို အစိုဓာတ်ထိန်းပါ

ဆံပင်ကျွတ်ရတဲ့ အဓိကအကြောင်းအရင်းက အစိုဓတ်မရှိလို့ပါ။ ဒါကြောင့် ဆံပင်ကို ရေဓာတ်ဖြည့်ပေးတဲ့ ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးကို သုံးပေးပါ။ တစ်ပတ် တစ်ကြိမ် သို့ နှစ်ကြိမ် ရေဓာတ်ဖြည့်ပေးတဲ့ Hair Mask သုံးပေးပါ။

2. ဖဲခေါင်းအုံးစွပ်နဲ့ အိပ်ပါ

ချည်ခေါင်းအုံးစွပ်တွေက ဆံပင်ထဲက အစိုဓာတ်ကို စုပ်ယူသွားတာကြောင့် ခေါင်းအုံးစွပ်ကို ချည်ခေါင်းအုံးစွပ်အစား ဖဲခေါင်းအုံးစွပ်ကို သုံးပေးပါ။

3. Alcohol-free Products သုံးပါ

Alcohol က ဆံပင်ရဲ့အစိုဓာတ်ကို ဖယ်ရှားပြီး ခြောက်သွေ့ အက်ကွဲစေတာမလို့ ခေါင်းလျှော်ရည် ၊ ပျော့ဆေး ၊ Serum ၊ Mask တွေလိုမျိုး Hair Products တွေဝယ်တဲ့အခါ ပါဝင်ပစ္စည်းစာရင်းမှာ အရက်ပါမပါ ဂရုစိုက်ပါ။

4. Ceramic Blow Dryer သုံးပါ

Dryer သုံးတာက ဆံပင်ကိုခြောက်စေတယ်လို့ဆိုပေမယ့် Negative Ions တွေကိုဖယ်ပြီး အပူကို အညီအမျှခွဲဝေပေးတဲ့ System ပါတဲ့ Dryer မျိုး ရွေးသုံးပါ။

5. Microfiber Towel သုံးပါ

ရေက ဆံပင်ကိုဖောင်းစေပါတယ်။ ဒါကိုရှောင်ရှားဖို့နဲ့ ရေတွေကို တတ်နိုင်သမျှ မြန်မြန်နဲ့ ညင်သာစွာ ဖယ်ရှားဖို့ ပုံမှန် ချည်သားသုတ်ပုဝါတွေအစား Microfiber ပုဝါကို သုံးပါ။ ဆံပင်ကရေတွေကို ညှစ်ထုတ်ပြီး မျက်နှာသုတ်ပုဝါနဲ့ ရေတွေခြောက်သွားတဲ့အထိ ပတ်ထားပါ။