သူငယ်ချင်း၊ မိတ်တွေအသစ်တွေ ရလာပေမယ့် ရင်းရင်းနှီးနှီးမနေတတ်ဘူး၊ social သိပ်မကောင်းဘူးဆိုရင် သူတို့နဲ့ ပိုပြီးရင်းနှီးမှုရလာအောင် ဒီနည်းလမ်း ၅ ခုကို try ကြည့်လို့ရပါတယ်။

အတွေ့အကြုံတွေကို Sharing လုပ်ပါ

သူတို့နဲ့တွေ့တဲ့အခါမှာ ဒီတိုင်းကြီးဘာမှမပြောပဲ ထိုင်နေတာမျိုး၊ မေးတာလောက်ပဲဖြေပြီးနေတာမျိုးတွေ မလုပ်ပါနဲ့။ အဲ့လိုပုံစံနဲ့တော့ ရင်းနှီးမှုကို လွယ်လွယ်မရနိုင်ပါဘူး။ သူငယ်ချင်းအသစ်တွေနဲ့ ပိုပြီးရင်းနှီးမှုရလာအောင် အတွေ့အကြုံတွေကို sharing လုပ်ပြီး ပြောပြပါ။ သူတို့ပြောလာတာတွေကို ပြန်ပြီး လိုက်လျောညီထွေပြောတတ်အောင် ကြိုးစားကြည့်ပါ။ ခဏခဏစကားလက်စုံကျပြီး ပြောနိုင်ရင် ရင်းနှီးမှုမြန်မြန်ရစေပါတယ်။

ရယ်ပြပြုံးပြတတ်တဲ့အကျင့်လုပ်ပါ

အမြဲတမ်းဆူပုပ်နေရင် ဘယ်သူနဲ့မှ ရင်းနှီးမှုလွယ်လွယ်မရနိုင်ပါဘူး။ ကိုယ့်ကိုလည်း ဘယ်သူ့မှလာမခေါ်ချင်ပါဘူး။ ဒါကြောင့် အမြဲတမ်း ရယ်ပြ၊ ပြုံးပြတတ်တဲ့အကျင့် လုပ်ထားပါ။ ပြုံးရယ်ပြီး သွက်လတ်တဲ့သူတစ်ယောက်ဖြစ်အောင် try ကြည့်ပါ။

အကူအညီလိုရင်ပေးပါ

မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းတွေရဖို့၊ ရင်းနှီးမှုတွေပိုတိုးလာဖို့ ကူညီတတ်တဲ့သူတစ်ယောက် ဖြစ်ပါစေ။ အကူအညီလိုရင် ကိုယ်ကူညီနိုင်တာဆို စိတ်ရင်းနဲ့ကူညီပေးလိုက်ပါ။ ကိုယ်အလှည့်လည်း အကူအညီပြန်ရနိုင်ပါတယ်။

Good Listener တစ်ယောက်ဖြစ်ပေးပါ

ကိုယ်ကချည်းပဲပြောနေတာမျိုးမလုပ်ပါနဲ့။ သူများပြောတာကိုလည်း ပြန်နားထောင်ပေးပါ။ သူများပြောတဲ့အခါမှာ စိတ်မဝင်စားတဲ့ပုံစံတွေ မလုပ်ပါနဲ့။ သေချာအာရုံစိုက်ပြီး နားထောင်ပေးပါ။ အလေးထားတဲ့ပုံစံမျိုးပြပေးပါ။

အထက်စီးကနေမဆက်ဆံပါနဲ့

လူတိုင်းနဲ့ ရင်းနှီးမှုအလွယ်တကူရချင်ရင်၊ ကိုယ့်ကိုလူတိုင်းကခင်စေချင်ရင် သူများကို အထက်စီးကနေ အကြောနဲ့ဆက်ဆံတာမျိုး လုံးဝမလုပ်ပါနဲ့။ အောက်ကျခံပြီးလည်း လိုက်ပေါင်းစရာမလိုပါဘူး။ ပုံမှန်လေးပဲဆက်ဆံပါ။ တွေ့တိုင်း ခေါ်ပြောနှုတ်ဆက်တတ်တဲ့ အလေ့အကျင့်ရှိရင် ရင်းနှီးမှုပိုတိုးလာစေပါတယ်။