Toxic Relationship နဲ့ ပြတ်စဲပြီးတဲ့အခါ ကိုယ့်ကိုယ်ကိုလည်း ပျော်ရွှင်အောင်၊ စိတ်ငြိမ်းချမ်းအောင် ဂရုစိုက်ဖို့ လိုပါတယ်။ ကြေကွဲပြီးခံစားနေရရင်လည်း ပြတ်ပြီးလည်း စိတ်ပင်ပန်းတာက ပျောက်သွားမှာမဟုတ်ပါဘူး။ ဒါကြောင့် Toxic Relationship နဲ့ ပြတ်စဲပြီးနောက်မှာ ငြိမ်းချမ်းမှုကို ရှာဖွေနိုင်မယ့်နည်းလမ်း ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

ရည်းစားဟောင်းနဲ့ဝေးဝေးနေပါ

Toxic Relationship နဲ့ ပြတ်စဲပြီးနောက်မှာ ငြိမ်းချမ်းမှုကို ရှာဖွေနိုင်ဖို့ဆိုရင် ပထမဆုံးလုပ်ရမှာကတော့ အဲ့ပြတ်သွားတဲ့ ရည်းစားဟောင်းနဲ့သာ ဝေးဝေးနေပါ။ သူတို့နဲ့ ဝေးဝေးမနေနိုင်သရွေ့ကတော့ ပြတ်သွားပြီးလည်း စိတ်ဒုက္ခရောက်နေရအုံးမှာပါပဲ။

မိသားစု၊ သူငယ်ချင်းတွေနဲ့ Bonds တွေပြန်လည်တည်ဆောက်ပါ

ရည်းစားနဲ့တုန်းက မိသားစုတွေ၊ သူငယ်ချင်းတွေကို အချိန်သိပ်မပေးနိုင်ခဲ့ဘူးဆိုရင် ဒီလို Toxic Relationship နဲ့ ပြတ်စဲပြီးနောက်မှာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးကို အစကနေ ပြန်လည်တည်ဆောက်ပြီး ပိုပျော်စရာကောင်းအောင်၊ ပိုရင်းနှီးချစ်ခင်မှုဖြစ်အောင် ပြန်နေကြည့်ပါ။ စိတ်ပျော်ရွှင်ရပါလိမ့်မယ်။ ကိုယ့်အပေါ်ကောင်းတဲ့သူတွေ၊ ကိုယ့်ကိုချစ်တဲ့သူတွေရှိတယ်ဆိုတာကို သိသွားပါလိမ့်မယ်။

Gym ဆော့ပါ

Gym ဆော့တာက စိတ်အပြောင်းလဲဖြစ်ပြီး စိတ်ဖိစီးမှုတွေလည်း လျော့ကျစေပါတယ်။ ဒါ့အပြင် Gym ဆော့ပြီး ပိုလှလာတော့ self confident လည်း ပိုတိုးလာတာပေါ့။ Gym မဆော့ချင်တဲ့သူဆိုရင် Yoga Class တွေတက်သင့်ပါတယ်။ အဓိကက ကိုယ်လုပ်နေတဲ့အရာတွေက ကိုယ့်အတွက်ကောင်းတာတစ်ခုခု ရစေတယ်ဆိုတဲ့စိတ်နဲ့ ကိုယ်ပျော်နေဖို့ အဓိကပါပဲ။

Relationship အသစ်ချက်ချင်းမစတင်ပါနဲ့

Toxic Relationship နဲ့ ပြတ်စဲပြီးနောက်မှာ စိတ်ကစားပြီး၊ အပျင်းပြေ နောက်ထပ်ရည်းစားထားပြီး Relationship အသစ်ကို ချက်ချင်းစတင်တာမျိုးတွေ မလုပ်ပါနဲ့။ ကိုယ့်စိတ်မတည်ငြိမ်သေးပဲ ဘာမှမလုပ်တာ ပိုကောင်းပါတယ်။ တစ်ယောက်ထဲပဲ စိတ်အပန်းဖြေပြီး တောက်ပနေလိုက်ပါ။

အရင်ကကြိုက်ခဲ့တဲ့အရာတွေကိုပြန်လုပ်ပါ

ရည်းစားထားပြီးတော့ ချုပ်ချယ်ခံရလို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် အရင်ကကြိုက်ခဲ့တဲ့အရာတွေကို မလုပ်ဖြစ်တော့တာမျိုးတွေ ရှိတတ်ကြပါတယ်။ ဒါကြောင့် မကောင်းတဲ့ Relationship နဲ့ ပြတ်ပြီးတဲ့နောက်မှာတော့ အရင်ကကိုယ်ကြိုက်ခဲ့တဲ့အရာတွေကို ပြန်လုပ်ကြည့်ပါ။ စိတ်ပျော်ရွှင်လာပါလိမ့်မယ်။