ခေါင်းလျှော်ပြီး ဆံပင်အခြောက်ခံတဲ့အချိန်မှာလည်း ဆံသားကို သေချာဂရုစိုက်ပြီး လုပ်ပေးသင့်ပါတယ်။ ဆံပင်အခြောက်ခံတဲ့အချိန်မှာ ဆံပင်တွေ ပုံမှန်ထက်ပိုကျွတ်တာ၊ ဆံသားနာတာမျိုးတွေ မဖြစ်အောင် သတိထားရပါမယ်။ Stylists တွေရဲ့အဆိုအရ ဆံပင်ကိုမပျက်စီးအောင် အခြောက်ခံနိုင်တဲ့ နည်းလမ်းတွေရှိတာကြောင့် အဲ့ထဲကမှ လူတိုင်းလုပ်ဖို့အတွက် လွယ်ကူစေမယ့် နည်းလမ်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

မျက်နှာသုတ်ပုဝါနဲ့အခြောက်ခံခြင်း

Dryer နဲ့ ဆံပင်ကိုမှုတ်မယ့်အစား မျက်နှာသုတ်ပုဝါနဲ့ အခြောက်ခံတာက ပိုပြီးတော့ ဆံသားပျက်စီးမှုနှုန်း လျော့ကျစေပါတယ်။

ညှစ်ပါ၊ မပွတ်ပါနှင့်

ဆံပင်ကိုသုတ်တဲ့အခါမှာ ပွတ်တာမျိုးမလုပ်ပဲ ရေကိုညှစ်ချပါ။ မျက်နှာသုတ်ပုဝါနဲ့ သုတ်တဲ့အခါမှာလည်း ပွတ်တာမျိုးမလုပ်ပဲ ညှစ်ညှစ်ပြီး ဖွဖွလေးသုတ်ပေးပါ။

ဆံပင်သုတ်ပုဝါသီးသန့်သုံးခြင်း

ဆံပင်သုတ်ပုဝါသီးသန့်တွေရှိပါတယ်။ အဲ့တာကိုသုံးပေးခြင်းက ပုံမှန်မျက်နှာသုတ်ပဝါတွေထက်ပိုပြီးတော့ ရေကိုပိုမိုလျင်မြန်စွာစုပ်ယူနိုင်ပါတယ်။ ဆံသားပျက်စီးတာ၊ ရှုပ်ထွေးတာလည်း လျော့နည်းစေပါတယ်။

ဆံပင်ကိုအမြန်လှုပ်ပေးခြင်း

Hair Dryer သုံးတဲ့အခါမှာတော့ ဆံပင်ကို ဒီတိုင်းမမှုတ်ပဲ လှုပ်ရမ်းပြီး မှုတ်ပေးရပါမယ်။ ဒါမှ လေဝင်လေထွက်ကောင်းပြီး ဆံပင်အခြောက်ပိုမြန်မှာပါ။ ဆံပင်အခြောက်မြန်တော့ Hair Dryer ကို သုံးတဲ့အချိန် လျော့သွားစေတာပေါ့။ Hair Dryer သုံးတဲ့အခါမှာ အနီးကပ်မှုတ်တာမျိုး၊ လေပူနဲ့မှုတ်တာမျိုးလည်း မလုပ်ပါနဲ့။

ဘီးကြဲနဲ့ဖြီးပါ

ဆံပင်ရေစိုနေချိန်မှာ ပိုပြီးတော့ပျက်စီးလွယ်တဲ့အတွက် တင်းကြပ်ပြီး အရမ်းရှုပ်ထွေးတာမျိုးတွေ၊ ဆံပင်ကျွတ်တာမျိုးတွေ မဖြစ်စေဖို့အတွက် ဘီးကြဲနဲ့ ဖြီးပေးပါ။ ဒါ့အပြင် ဘီးကြဲတွေက လေဝင်လေထွက်ကောင်းအောင် ကူညီပေးပြီး ဆံပင်ခြောက်တာလည်း ပိုပြီးမြန်စေပါတယ်။