အသည်းကွဲပြီး စိတ်ညစ်နေတဲ့ သင့်ရဲ့သူငယ်ချင်းကို နှစ်သိမ့်မှုကောင်းကောင်းပေးနိုင်မယ့် နည်းလမ်း ၅ မျိုးကို ပြောပြပေးလိုက်ပါတယ်။

ရင်ဖွင့်တာတွေကိုနားထောင်ပေးပါ

အသည်းကွဲနေတဲ့အချိန်တွေ၊ အရမ်းစိတ်ညစ်ပြီး ဝမ်းနည်းနေတဲ့အချိန်တွေမှာ ရင်ဖွင့်လိုက်ရရင် ပေါ့ပါးသွားတတ်ကြပါတယ်။ ဒါကြောင့် အသည်းကွဲနေတဲ့သူငယ်ချင်း ပြောသမျှ၊ ရင်ဖွင့်သမျှကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးပြီး အားပေးပါ။

အမြဲတမ်းစကားပြောပေးနေပါ

အသည်းကွဲနေတဲ့ သင့်သူငယ်ချင်းကို တစ်ယောက်ထဲပစ်မထားပါနဲ့။ သူလာမပြောရင်တောင် အမြဲတမ်းသွားမေးပြီး စကားပြောပေးတာမျိုး၊ အားပေးတာမျိုးလုပ်ပေးပါ။ တချို့ကျတော့ သူများကိုသွားပြောရင် အပူကပ်သလိုဖြစ်မှာစိုးလို့ မပြောပဲ တစ်ယောက်ထဲ ကြိတ်ခံစားနေတာမျိုးတွေ ရှိပါတယ်။

အပြင်တူတူသွားပေးပါ

အသည်းကွဲနေချိန်မှာ အိမ်ထဲနေတာ၊ အခန်းထဲနေတာ၊ တစ်ယောက်ထဲနေတာတွေက ပိုပြီးခံစားရပါတယ်။ ဒါကြောင့် အပြင်ခေါ်ထုတ်ပြီး မုန့်သွားစားကြတာမျိုး၊ လျှောက်သွားတာမျိုး၊ သူငယ်ချင်းတွေအများကြီးစုပြီး ပျော်ပါးကြတာမျိုး လုပ်ပေးပါ။

ခရီးတိုလေးခေါ်သွားပါ

သူငယ်ချင်းတွေစုပြီး ခရီးတိုလေးတွေသွားတာမျိုး၊ နေ့ချင်းပြန်ခရီးတွေသွားတာမျိုးတွေ လုပ်ပေးတာကလည်း အသည်းကွဲနေတဲ့သူငယ်ချင်းကို ကောင်းကောင်းနှစ်သိမ့်မှုပေးနိုင်တဲ့ အရာပါပဲ။

ဝါသနာပါတာကိုတူတူလုပ်ကြည့်ပါ

သူငယ်ချင်းနှစ်ယောက် ဝါသနာပါတဲ့အရာတစ်ခုခုတူနေရင် အဲ့အရာကို တူတူလုပ်ကြည့်တာမျိုး၊ သင်တန်းတူတူတက်တာမျိုး လုပ်ကြည့်ပါ။ ဒီလိုလုပ်တာကျတော့ သူ့အတွက်ရော၊ ကိုယ့်အတွက်ပါ အကျိုးရှိစေပါတယ်။