ကျွန်မတို့ မိန်းကလေးတွေက ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိချင်ကြပါတယ်။ ကောင်လေးတစ်ယောက်နဲ့ ဒိတ်လုပ်တဲ့အခါ၊ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ၊ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို အခြားသူတွေရှေ့ပြောတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိချင်ကြပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့ မိန်းကလေးတစ်ယောက်က အခြားသူတွေထက် ခြေတစ်လှမ်းသာတယ်ဆိုတာကိုတော့ ပျိုမေတိုင်း သိပြီးဖြစ်မှာပါ။ ဒီတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုကို ဒီနည်းလမ်းတွေနဲ့ တည်ဆောက်ကြည့်ပါနော်-

၁။ သက်တောင့်သက်သာဖြစ်တဲ့ Comfort Zone ထဲက ရုန်းထွက်ပါ

ဆိုလိုတာက နေ့တိုင်း ကိုယ့်ကို အဆင်မပြေဖြစ်စေတဲ့အရာတစ်ခုကို လုပ်ပါ။ ဥပမာ သင်က ဗီဒီယိုကင်မရာရှေ့မှာ ပြောရမှာ မကြိုက်တဲ့လူဆိုရင် ဒါကို ဇွတ်လုပ်ပါ။ လုပ်သင့်ပေမယ့် မလုပ်ရဲတာကြောင့် ပစ်ထားမိတဲ့အရာတွေကို ရဲရဲတင်းတင်း လုပ်ကြည့်ပါ။

၂။ သင့်ကိုယ်သင် ပြောဆိုတဲ့ပုံစံကို ပြောင်းလဲပါ


ကိုယ့်ကိုကိုယ် ပြောမိနေတဲ့ စကားလုံးတွေကို ပြန်သတိထားကြည့်ပါ။ အဆိုးဘက် ရောက်နေတယ်ဆိုရင်တော့ ဒီနေ့က စပြီး အကောင်းဘက်ကနေ ပြောကြည့်ပါ။ ငါက အသုံးမကျဘူးဆိုတဲ့နေရာမှာ ငါလုပ်တာ တော်တယ်ဆိုတဲ့ စကားလုံးတွေနဲ့ အစားထိုးကြည့်ပါ။

၃။ သင့်ခန္ဓာကိုယ်ဆီက လာတဲ့စကားလုံးကို အာရုံစိုက်ပါ


ကိုယ့်ခန္ဓာကိုယ်အနေအထားကို ဂရုစိုက်ပေးပါ။ သင်က ထိုင်ခုံတစ်လုံးပေါ်မှာ ပျင်းပျင််းရိရိထိုင်မိနေတယ်ဆိုရင် အမြန်ထပြီး လှုပ်လှုပ်ရှားရှားတစ်ခုခုလုပ်ပါ။ ခန္ဓာကိုယ်နဲ့ စိတ်က ဆက်သွယ်နေပါတယ်။

၄။ ကိုယ့်ကိုကိုယ် အရှုံးသမားလို့ ထင်မိတဲ့အချိန် သတိထားပါ


ငါဘာလုပ်လုပ် အဆင်မပြေဘူး။ ရှုံးနှိမ့်နေတယ် စသဖြင့် တွေးမိတဲ့အချိန်တွေကို သတိထားပေးပါ။ ဒီလိုတွေးမိတဲ့အချိန်တွေကိုစာအုပ်ထဲ ချမှတ်ပြီး ဒီအရာရဲ့ ဆန့်ကျင်ဘက်ကို ပြောင်းရေးကြည့်ပါ။

၅။ ပန်းတိုင်တွေချမှတ်ပါ


သင့်ကိုုယ်သင် ယုံကြည်မှုကို တည်ဆောက်တဲ့အခါ ဖြစ်ချင်တဲ့အရာတွေကို သတ်မှတ်ပါ။ ဒီပန်းတိုင်ဆီ ရောက်အောင်သွားပါ။ ကိုယ်ကြောက်တဲ့အရာတွေကို မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ခံယူချက်နဲ့ ရှေ့ဆက်ကြည့်ပါ။

Photo Source: Pinterest

By MyStyle Myanmar