တစ်ဖက်လူအပေါ်မှာ လေးစားမှုရှိမှ သူတို့ကလည်း ကိုယ့်အပေါ်ပြန်ပြီး လေးစားမှုရှိပါမယ်။ တစ်ဖက်လူအပေါ် လေးစားမှုရှိကြောင်းပြချင်ရင် ဒီအချက် ၅ ချက်နဲ့တင် လုံလောက်ပါတယ်။

နားထောင်ပါ

တစ်ဖက်လူပြောတဲ့စကားကို သေချာအာရုံစိုက်ပြီး နားထောင်ပေးပါ။ တစ်ဖက်လူပြောစကားကို နားမထောင်ပဲ ကိုယ်ထင်ရာစွတ်ပြောတာမျိုး၊ စကားဖြတ်ပြောတာမျိုး လုံးဝမလုပ်ပါနဲ့။ သူပြောတာကို သေချာနားထောင်ပေးတာက လေးစားမှုပါပဲ။

ကျေးဇူးတင်စကားပြောပါ

တစ်ခုခုဆိုရင် ကျေးဇူးတင်စကားပြောတတ်တဲ့အကျင့်လုပ်ပါ။ ဘယ်သူ့ကိုမဆို၊ ဘာပဲလုပ်လုပ် ကျေးဇူးတင်စကားပြောဖို့ ဝန်မလေးပါနဲ့။

ကြင်နာပါ

တစ်ဖက်လူအပေါ်ကြင်နာပါ။ စိတ်ကောင်းထားပြီး ကြင်နာပေးတာကလည်း တစ်ဖက်လူအပေါ် လေးစားမှုရှိတာ၊ ညှာတာမှုရှိတာပါပဲ။ သူများဆီက လေးစားမှုလိုချင်ရင် ကိုယ်ကိုယ်တိုင်ကလည်း အနေမှန်နေမှရမှာပါ။

ယဉ်ကျေးပါ

တစ်ဖက်လူအပေါ်ယဉ်ကျေးမှုရှိပါ။ ကိုယ်ကိုယ်တိုင်က ယဉ်ကျေးမှုမရှိပဲ သူများက ကိုယ့်အပေါ်ယဉ်ကျေးတာ၊ လေးစားတာကို ခံရဖို့မမျှော်လင့်ပါနဲ့။

ရိုးသားပါ

တစ်ဖက်လူအပေါ်မှာ လေးစားမှုကိုပြချင်ရင် ရိုးသားပါ။ ကိုယ်ကရိုးသားမှ သူများက ကိုယ့်အပေါ်ယုံကြည်မယ်။ ပြန်ပြီးလေးစားလာပါမယ်။

Photo Source: www.freepik.com