ဆံပင်ပါးလို့စိတ်ညစ်နေသူများအတွက် ဆံပင်အုံထူလာစေဖို့ကူညီပေးမယ့် ထိရောက်တဲ့ သဘာဝပေါင်းတင်နည်း ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ သင့်အိမ်မှာ အလွယ်တကူရှိမယ့်အရာတွေနဲ့ ပေါင်းတင်နိုင်မှာဖြစ်လို့ ငွေကုန်ကြေးကျသက်သာပြီး လုပ်ရတာလည်းအဆင်ပြေစေမှာပါ။ ကိုယ်နှစ်သက်ရာနည်းလမ်းနဲ့ တစ်ပတ်တစ်ခါ ပုံမှန်ပေါင်းတင်ပေးမယ်ဆိုရင်တော့ သိသာတဲ့ရလဒ်ကို ရရှိမှာပါ။

ကြက်ဥအကာ

ကြက်ဥ ၂ လုံးကိုဖောက်ပြီး အနှစ်သပ်သပ်၊ အကာသပ်သပ်ခွဲပါ။ ကြက်ဥအကာထည့်ထားတဲ့ ပန်းကန်ထဲကို အုန်းဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်မွှေပြီး ဦးရေပြားနဲ့ဆံသားမှာ သေချာလိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးရင်တော့ ခေါင်းလျှောက်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကတော့ ဆံပင်ကျွတ်တာသက်သာပြီး ဆံပင်အုံထူလာစေပါတယ်။ ဆံသားပျက်စီးတာတွေ သက်သာလာစေပါတယ်။

ပျားရည်

ပျားရည် – ခွက်တစ်ဝက်စာနဲ့ သံလွင်ဆီ – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာတို့ကို ရောမွှေပြီး microwave ထဲ မိနစ် ၂၀ ထည့်ပါ။ အချိန်ပြည့်ရင်ထုတ်ပြီး အအေးခံထားပါ။ အေးသွားပြီဆိုရင် မွှေပြီး လက်ချောင်းလေးတွေနဲ့ယူကာ ဆံသားနဲ့ဦးရေပြားကို နှိပ်နယ်ပြီး လိမ်းပေးပါ။ မိနစ် ၃၀ ထားပြီးရင်တော့ ခေါင်းလျှောက်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကတော့ ဆံပင်အုံထူစေပြီး ဆံသားတောက်ပြောင်စေပါတယ်။

ဆန်ဆေးရည်

ဆန်တစ်ခွက်ကိုရေဆေးပြီး ပုံမှာပြထားတဲ့အတိုင်း ဆန်ဆေးရည်ရအောင် ခံထားပါ။ ဆန်ဆေးရည် ခွက်တစ်ခွက်စာရပြီဆိုရင် ၁၂ နာရီ (သို့) ၂၄ နာရီထားထားပါ။ အချိန်ပြည့်မှ ဆန်ဆေးရည်ကို ခေါင်းလျှော်သလို ဦးရေပြားကစပြီး ဆံပင်တွေအားလုံးစိုသွားအောင် လောင်းချပေးပါ။ ၅ မိနစ်ထားပြီး အချိန်ပြည့်ရင် ရေပြန်ဆေးချပြီး ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ရုံပါပဲ။ သူကတော့ ပျက်စီးနေတဲ့ဆံသားကို ပြန်လည်ကောင်းမွန်လာစေပြီး ဆံသားသန်စွမ်းစေလို့ ဆံပင်အုံထူလာစေပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီး ၁ လုံး (သို့) ၂ လုံးကို အခွံခွာ၊ သေးသေးလေးတွေလှီးပြီး ချေပေးပါ။ ပြီးရင်တော့ အုန်းဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ရောမွှေပြီး ဆံပင်မှာ သုတ်လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးရင်တော့ ခေါင်းလျှောက်လိုက်ရုံပါပဲ။ သူကတော့ ဆံသားနူးညံ့ပျော့ပြောင်းစေပြီး ဆံပင်အုံထူလာစေပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်အတွင်းသားကို စားပွဲတင်ဇွန်း ၂ ဇွန်းစာယူပြီး ချေပေးပါ။ သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပါ။ ပြီးရင်တော့ ဆံသားမှာ သေချာသုတ်လိမ်းပေးပါ။ မိနစ် ၃၀ ထားပြီးရင် ခေါင်းလျှော်ပေးပါ။ ဒီနည်းလမ်းကတော့ ဆံပင်ကျွတ်တာသက်သာပြီး အုံထူလာစေပါတယ်။