ဆံပင်တိုတွေကတော့ နွေရာသီနဲ့ အလိုက်ဖက်ဆုံးပါပဲ။ ဒါပေမဲ့ မညှပ်ခင် သေချာ စဉ်းစားသင့်ပါတယ်။ ဘာကြောင့် ညှပ်ချင်တာလဲ။ ညှပ်ပြီးရင် ဘာတွေ လုပ်နိုင်လဲ စတဲ့ အကြောင်းအရာတွေကို စဉ်းစားသင့်ပါတယ်။ ညှပ်ပြီးမှ နောင်တရတာမျိုး ဘယ်သူမှတော့ မလိုချင်ပါဘူး။ အခုဖော်ပြပေးမယ့် ဆံပင်တို ပုံစံ တွေကတော့ ကိုးရီးယားက မိန်းကလေးတွေ အများစု ထားလေ့ရှိတဲ့ စတိုင်တွေ ဖြစ်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ Romantic Side Part

တစ်ဘက်ကို ဆံပင် အလေးပေးပြီး ထားတဲ့ ဆံပင်တို စတိုင်ပါ။ ဆံပင် ခွဲကြောင်း ပြောင်းပေးရမယ့် သဘောပါ။

၂။ အရောင်တောက်တောက်

ဆံပင်တို အရောင် အတောက်တွေက သင့်မျက်နှာကို ပိုလင်းစေမှာပါ။ ပိုငယ်တဲ့ ပုံစံပေါက်စေပါတယ်။ ဆံပင်အဖျားလေးတွေကို ကောက်ပေးတာကလည်း အရောင်ဆိုးထားတာကို ပိုလင်းစေပါတယ်။

၃။ အနက်ရောင်

ကိုးရီးယားမလေးတွေက တည်ငြိမ်ပြီး သေသပ်တဲ့ ပုံစံကို လိုချင်တဲ့ အခါ အနက်ရောင်ဆံပင်တိုပုံစံ ထားတတ်ကြပါတယ်။ အနက်ရောင်က သဘာဝဆန်ဆန်လေး ပုံစံ ရစေပါတယ်။

၄။ ရှေ့ဆံမြိတ်

ဆံပင်တို ထားတဲ့အခါ ပိုငယ်တဲ့ ပုံစံ ပေါ်အောင် ရှေ့ဆံမြိတ်လေး ထားသင့်ပါတယ်။ ကိုးရီးယားသူတွေ အများစု ရဲ့ Bang နဲ့ ဆံပင်တို စတိုင်တွေကို သင် ရင်းရင်းနှီးနှီး မြင်ဖူးမှာပါ။

၅။ အဖျားကောက်

ဆံပင်တို ညှပ်တဲ့အချိန် အဖြောင့်မဟုတ်ဘဲ တစ်ခါတည်း ကောက်တာမျိုး သင်လုပ်ဖူးလား။ မလုပ်ဖူးဘူးဆိုရင်တော့ သင့်မျက်နှာ ပုံစံအလိုက် ဆံပင်တိုကို အဖျားကောက်ပေးသင့်ပါတယ်။ ကိုးရီးယားမလေးတွေကလည်း ဆံပင်တိုကို ကောက်တတ်ကြပါတယ်။

Photo Source: Pinterest

By MyStyle Myanmar