ဆောင်းဝင်လာပြီဆိုရင် မထူမပါး အရောင်စုံဆွယ်တာလေးတွေနဲ့ ဝတ်စကုပ်တွေဝတ်ဆင်တာက သင့်ကိုနွေးထွေးစေပြီး အထာကျကျနဲ့ လှနေစေပါတယ်။ ဒီတစ်ခေါက်မှာ ဆောင်းရာသီနဲ့လိုက်ဖက်ပြီး အထာကျနေစေဖို့အတွက် BLACKPINK အဖွဲ့ဝင်တွေရဲ့ ချစ်စရာကောင်းတဲ့ ဝတ်စကုပ်အင်္ကျီဝတ်ဆင်နည်း အတွဲအစပ်ဖက်ရှင်တွေကို မျှဝေပေးချင်ပါတယ်။ အခုခေတ်လူငယ်မိန်းကလေးတွေနဲ့လည်းလိုက်ဖက်ပြီး ပေါ့ပေါ့ပါးပါးနဲ့ အကြိုက်တွေ့စေမယ့်ပုံစံတွေဖြစ်တာကြောင့် အောက်မှာဖော်ပြထားတဲ့ Sweater ဖက်ရှင်အိုင်ဒီယာတွေကို နမူနာယူပြီး လာမယ့်ဆောင်းတွင်းမှာ ဝတ်ကြည့်ဖို့မမေ့ပါနဲ့နော်။
၁။ ခါးရှည်အင်္ကျီအဖြူ တစ်ထပ်နဲ့တွဲဝတ်မယ်
Jennie ဝတ်ထားသလို Vest အောက်မှာ အင်္ကျီအဖြူအရှည်တစ်ထပ်ခံပြီးဝတ်တာက ပေါ့ပေါ့ပါးပါးနဲ့ အထာကျစေတဲ့ပုံစံလေးဖြစ်ပါတယ်။
အဖြူအင်္ကျီလက်ရှည်ကို ခါးအောက်ထိမချထားချင်တဲ့သူတွေအတွက် Jisoo လို ခါးပတ်နဲ့တွဲပြီးလည်းဝတ်ဆင်နိုင်ပါတယ်။
၂။ Dress ပုံစံလေးဝတ်မယ်
Oversized ဆွယ်တာကို Dress အနေနဲ့ဝတ်တာကလည်း ပေါ့ပေါ့ပါးပါးနဲ့ချစ်စရာကောင်းပါတယ်။
Rose လို ဆွယ်တာအရောင်တူ စကတ်တိုလေးနဲ့တွဲဖက်ပြီး ဝမ်းဆက် Dress ပုံစံလည်းဝတ်ဆင်နိုင်ပါတယ်။
၃။ ရောင်စုံဆွယ်တာလက်တို၊ လက်ပြတ်တွေဝတ်မယ်
အရမ်းမအေးတဲ့နေ့တွေမှာ ဒီလို ဆွယ်တာလက်တိုလေးတွေက အရမ်းသင့်တော်ပါတယ်။ လူငယ်မိန်းကလေးတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ လှနေစေမယ့် ပုံစံလေးဖြစ်ပါတယ်။
၄။ လက်တိုတီရှပ်လေးတွေနဲ့တွဲဝတ်မယ်
ကော်လံမပါတဲ့ ရိုးရိုးတီရှပ်လက်တိုလေးနဲ့တွဲဝတ်ထားတဲ့ Jennie ရဲ့ဖက်ရှင်လေးကလည်း ဝတ်လိုက်တာနဲ့ထူးခြားပြီး အထာကျနေမှာပါ။
Rose နဲ့ Jisoo လိုကော်လံရှပ်လက်တိုအဖြူလေးတွေနဲ့တွဲဝတ်မယ်ဆိုရင်လည်း ချစ်စရာကောင်းပါတယ်။
၅။ Oversized တီရှပ်အပွတွေနဲ့တွဲဝတ်မယ်
အောက်ခံ တီရှပ်အပွနဲ့ ဂျင်းအပွတွေတွဲဝတ်တာကလည်း ထသွားထလာ သက်တောင့်သက်သာရှိစေမယ့်ဖက်ရှင်လေးတွေဖြစ်ပါတယ်။
Photo Source: Kpopboo.com
By MyStyle Myanmar