ချစ်ရသူတွေနဲ့အမြဲအဆက်အသွယ်မပြတ်ရှိနေစေဖို့ ဒစ်ဂျစ်တယ်ဆက်သွယ်ရေးကို မှီခိုအားထားနေရတဲ့ ခေတ်ထဲမှာ နည်းပညာက နေ့စဉ်ဘဝများမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမယ့် အရာရာတိုင်းမှာ ကောင်းကျိုးဆိုးကျိုး ဆိုတာရှိစမြဲပါ။

နည်းပညာကတစ်ခါတစ်လေမှာတော့ Relationship ကို ထိခိုက်စေနိုင်ပြီး ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ Digital Detox လုပ်ဖို့ လိုအပ်လာပါပြီ။

သင့်လက်တွဲဖော်က သင့်အတွက် အရေးကြီးတယ်ဆိုတာ သူ့ကိုသိစေချင်တယ်ဆိုရင် Relationship ကို တခြားအရာတွေထက် ဦးစားပေးပါ။ ဒါဆိုရင် တစ်ယောက်ပေါ်တစ်ယောက် အရည်အသွေးရှိတဲ့အချိန်တွေကို ရင်းနှီးမြုပ်နှံခြင်းရဲ့ ဆုလာဘ်တွေကို ခံစားရပါလိမ့်မယ်။

သင့်လက်တွဲဖော်ထက် ဆိုရှယ်မီဒီယာပေါ်က သင့်လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေရဲ့ဘဝကို ပိုအာရုံစိုက်မိနေပြီဆိုရင် Digital Detox လုပ်ဖို့ လိုအပ်လာပါပြီ။ Digital Devices တွေကို အချိန်အတိုင်းအတာ တစ်ခုအထိ ဖယ်ရှားလိုက်ပြီး Relationship ကို အာရုံစိုက်ပြီး သေချာပြန်တည်ဆောက်ပါ။

ဂိမ်းဆော့မယ်ဆို အိပ်ရာမဝင်မီ စိတ်ကြိုက် ကစားပါ၊။ ဒါပေမယ့် အိပ်ခန်းထဲ အိပ်ဖို့ဝင်တော့မယ်ဆိုရင်တော့ Digital Devices တွေကိုထားခဲ့လိုက်ပါ။ လက်တွဲဖော်ဘေးမှာ လှဲအိပ်ရင်း သူတို့ရဲ့မျက်လုံးတွေကို ကြည့်ပြီး သင့်တစ်နေ့တာအကြောင်းကိုပဲ ပြောပါ။ ဖုန်းအစား လက်တွဲဖော်နဲ့ ပျော်ရွှင်နေလိုက်ပါ။

အပြင်ထွက်ပြီးနေ့လည်စာ ညစာစားတဲ့အချိန်တွေမှာ ဖုန်းကို အိမ်မှာထားခဲ့တာမျိုး ဒါမှမဟုတ် စားတဲ့အချိန်မှာ ဖုန်းမသုံးတာမျိုးတွေက သင့်ရဲ့ Relationship ကို ချိမြိန်စေမှာပါ။ အတူတူစားရင်း နောက်နေ့အားလပ်ရက်အတွက် အစီအစဥ်ဆွဲတာမျိုး ၊ အနာဂတ်အတွက် သင့်အိပ်မက်များကို ဝေမျှတာမျိုး လုပ်ကြည့်ပါ။

လက်တွဲဖော်နဲ့အပြင်သွားတဲ့အခါ ဖုန်းကို အိမ်မှာထားခဲ့ပါ။ ဒါဟာ တကယ့်ကို လွတ်မြောက်မှု အတွေ့အကြုံပါပဲ။ လက်တွဲဖော်အပေါ်အာရုံစိုက်ပြီး နေကြည့်ပါ။ ဒီအခိုက်အတန့်လေးက ဘယ်လောက်တောင်မှ ပျော်စရာကောင်းလဲဆိုတာ သင် သတိထားမိမှာအမှန်ပါ။