သင့်ရဲ့ဖြစ်တည်မှုကို လက်ခံပြီး သင့်ကိုယ်သင် ချစ်မြတ်နိုးရမယ့်အချိန်ရောက်ပါပြီ။ Social Media ရေပန်းစားလာတဲ့ခေတ်ကြီးမှာ အခြားလူတွေနဲ့ ကိုယ့်ကိုကိုယ် နှိုင်းယှဉ်ပြီး ကိုယ့်ကိုကိုယ် ချစ်တဲ့စိတ်ရော ယုံကြည်တဲ့စိတ်ပါ ပျောက်ဆုံးတတ်ကြပါတယ်။ ကိုယ့်ကိုကိုယ်ချစ်တတ်ဖို့ က အရေးပါတဲ့ အကျင့်တစ်ခုပါ။ ကိုယ့်ကိုကိုယ် အရင်ကထက်ပိုချစ်လာဖို့ ဒီနည်းလမ်းတွေအတိုင်း လေ့ကျင့်လိုက်ပါနော်-

၁။ သင့်ခန္ဓာကိုယ်ကြောင့် သင့်ကိုယ်သင် သတ်မှတ်ချက်ကို မပြောင်းလဲပါနဲ့

ဝိတ်တက်လာတာကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းသွားတာမျိုးမလုပ်ပါနဲ့။ သင်က ပိန််လွန်းပြီး ကိုယ်လုံးကိုယ်ထည်မရှိဘူးဆိုရင်လည်း ကိုယ့်ကိုကိုယ် ချစ်တာကို မလျှော့ပါနဲ့။ သင့်ကိုုဘယ်လိုလူလဲဆိုပြီး သတ်မှတ်ပေးတာက ခန္ဓာကိုယ်ပုံစံမဟုတ်ပါဘူး။

၂။ အကောင်းမြင်ပါ

သင့်ကိုယ်သင် ထင်မြင်ချက်ကို အဆိုးဘက်မတွေးပါနဲ့။ ဥပမာ သင်က မိုးရွာတဲ့အချိန် ထီးမပါလာဘူးဆိုပါတော့။ ဒါက ကံဆိုးတယ်ထင်ရပေမယ့် သင့်မှာ အိမ်အမိုးနဲ့ အကာအကွယ်ပေးတဲ့ အိမ်တစ်လုံးရှိပါသေးတယ်။ တချို့တွေဆိုရင်နေစရာတောင်မရှိကြပါဘူး။ ကိုယ့်အားနည်းချက်တွေကို အကောင်းဘက်က တွေးကြည့်ပါ။


၃။ အချစ်ရေး

အချစ်ကံမကောင်းတာနဲ့ပဲ ကိုယ့်ကိုကိုယ် အထင်မြင်မသေးပါနဲ့၊ လူတစ်ယောက်က သင့်ကို မချစ်တာနဲ့ပဲ ကိုယ့်ကိုကိုယ် ချစ်စိတ်ကို မလျှော့လိုက်ပါနဲ့။

၄။ အားနည်းချက်တွေကို တန်ဖိုးထားပါ

လူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိကြပါတယ်။ ကိုယ့်အားနည်းချက်ကို လက်ခံပြီး တန်ဖိုးထားပေးပါ။


၅။ ချီးကျူးတာကို လက်ခံပါ

လူတွေက သင့်ကို ချီးကျူးတဲ့အချိန်” မဟုတ်ဘူး” ဆိုတဲ့ စကားကို မပြောမိပါစေနဲ့။ သူတို့က ကိုယ့်ကို ချီးကျူးတဲ့အချိန် သင်ကကျေးဇူးတင်ပါတယ်လို့ ပြောပေးပါ။

ကိုယ့်ကိုကိုယ်ချစ်ဖို့က လွယ်မလိုနဲ့ခက်ပါတယ်။ အပေါ်က ပြောထားတဲ့နည်းလမ်းတွေအတိုင်း လုပ်ကြည့်ပါနော်။

Photo Source: Pinterest

By MyStyle Myanmar