နွေရာသီမှာ ဆံသားခြောက်သွေ့ပျက်စီးတာတွေ ပိုဖြစ်စေပါတယ်။ အဓိကကတော့ အရမ်းပူတဲ့အတွက် ချွေးနဲ့ ဦးရေပြားနဲ့ဆံသားကထွက်တဲ့ အဆီနဲ့ ဖုန်မှုန့်အညစ်အကြေးတွေရောပြီး ခေါင်းယားတာ၊ ဗောက်ထတာ၊ နေရောင်ခြည်ဒဏ်ကြောင့် ဆံသားပျက်စီးတာတွေ အဖြစ်များပါတယ်။ ဒါကြောင့် နွေရာသီအတွက်အသုံးဝင်စေမယ့် hair care tips (၅) ခုကို မျှဝေပေးလိုက်ပါတယ်။

ဆံပင်ပုံသွင်းတဲ့အပူပစ္စည်းတွေကိုရှောင်ပါ

နွေရာသီမှာ နေပြင်းတာနဲ့ ဆံသားခြောက်သွေ့တာက ပုံမှန်ထက်ပိုဆိုးလာစေပါတယ်။ ဒီလိုအချိန်မှာ ဆံပင်ပုံသွင်းတဲ့ အပူပစ္စည်းတွေ ဆံပင်ဖြောင့်စက်၊ ကောက်စက်တွေသုံးတာ၊ hair dryer တွေသုံးတာက ဆံသားပိုပျက်စီးပြီး ခြောက်သွေ့စေတယ်၊ ဖွာစေပါတယ်။ ဒါကြောင့် ရှောင်တာအကောင်းဆုံးပါပဲ။

Hair Mask သုံးပေးပါ

နွေရာသီမှာ ဆံသားခြောက်သွေ့ပျက်စီးတာတွေ အဖြစ်များလို့ hair mask ကို တစ်ပတ်တစ်ကြိမ်သုံးပြီး ဆံသားထိန်းသိမ်းပေးပါ။ ဒီလိုလုပ်ပေးခြင်းက ဆံသားအတွက်လိုအပ်တဲ့ moisture ကိုရရှိစေပြီး ဆံသားနူးညံ့ပျော့ပြောင်းကာ ဆံသားသိပ်သိပ်လေး ဖြစ်စေပါတယ်။ ဆံသားဖွာပြီးခြောက်သွေ့တာ၊ ဆံပင်နှစ်ခွဖြစ်တာ၊ ပျက်စီးတာတွေပါ သက်သာစေပါတယ်။

အပြင်ထွက်ရင်ဦးထုပ်ဆောင်းပါ

နေရောင်ခြည်အရမ်းပြင်းတဲ့အခါမှာ ဆံပင်ကိုတိုက်ရိုက်ထိရင် ဆံသားခြောက်သွေ့ပျက်စီးပြီး ဆံပင်အရောင် နီကြောင်ကြောင်ဖြစ်တာမျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် နေပူထဲထွက်မယ်ဆိုရင် ဦးထုပ် (သို့) ထီးစောင်းပါ။

SPF သုံးပါ

အကောင်းဆုံးကတော့ နွေရာသီမှာ အပြင်ထွက်မယ်ဆိုရင် မျက်နှာနဲ့ body ကို နေလောင်ဒဏ်ကာကွယ်တဲ့ sunscreen လိမ်းသလိုပဲ ဆံပင်အတွက်လည်း SPF သီးသန့်လေးသုံးပေးပါ။

ခေါင်းပုံမှန်လျှော်ပါ

အပေါ်မှာပြောခဲ့သလိုပဲ နွေရာသီမှာ ချွေးနဲ့ ဦးရေပြားနဲ့ဆံသားကထွက်တဲ့ အဆီနဲ့ ဖုန်မှုန့်အညစ်အကြေးတွေရောပြီး ဂျီးဖြစ်စေတယ်၊ ဗောက်ထစေတယ်၊ ဆံပင်ကျွတ်တာမျိုးတွေ ဖြစ်စေတဲ့အတွက် ခေါင်းလျှော်ဖို့ လုံးဝမပျင်းပါနဲ့။ ၅ ရက်တစ်ခါလောက် လျှော်ပေးရင်တော့ အကောင်းဆုံးပါပဲ။