ဘဝမှာ စိတ်ချမ်းသာပျော်ရွှင်ချင်ရင် Toxic ဖြစ်စေတဲ့သူတွေနဲ့ ဝေးဝေးနေမှရမှာပါ။ Toxic ဖြစ်စေတဲ့သူတွေအနားနေရင် ကိုယ်ပါ စိတ်ညစ်နွမ်းပြီး Energy ဆုတ်ယုတ်စေပါတယ်။ အထူးသဖြင့်တော့ စိတ်ချမ်းသာချင်ရင် ဒီလို Toxic ဖြစ်စေတဲ့သူ ၅ မျိုးကို ရှောင်သင့်ပါတယ်။

အတင်းပြောလွန်းတဲ့သူ

အတင်းပြောလွန်းတဲ့သူတွေနဲ့နေရင် တစ်နေ့တစ်နေ့ သူများမကောင်းကြောင်းတွေ၊ သူများအတင်းအဖျင်းတွေပဲ နားထောင်နေရပြီး ကိုယ်ပါ သူများမကောင်းကြောင်း လိုက်ပြောမိနေပါလိမ့်မယ်။ သူများအတင်းအဖျင်းပြောလွန်းရင် အကြည်ဓာတ်လျော့ကျစေပြီး ကောင်းတဲ့ Energy တွေလည်း ဆုတ်ယုတ်စေပါတယ်။

ခြယ်လှယ်တဲ့သူ

သူများကို ခြယ်လှယ်တတ်တဲ့သူတွေက သူများကို ဘယ်တော့မှ အကောင်းမြင်လေ့မရှိကြပါဘူး။ သူငယ်ချင်း အပေါင်းအသင်းပဲဖြစ်ဖြစ်၊ ချစ်သူပဲဖြစ်ဖြစ် ခြယ်လှယ်တဲ့သူဖြစ်နေရင် ကိုယ်လည်း စိတ်ညစ်ရပါတယ်။ ချုပ်ချယ်ခံရတဲ့၊ ခြယ်လှယ်ခံရတဲ့ ခံစားချက်တွေနဲ့ မွန်းကြပ်နေရပါလိမ့်မယ်။

ဝေဖန်လွန်းတဲ့သူ

ဝေဖန်လွန်းတဲ့သူတွေကို ဝေးဝေးရှောင်ပါ။ သူတို့တွေကြောင့် ကိုယ့်ရဲ့ ကောင်းတဲ့ Energy တွေ လျော့ကျပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်တွေ၊ အားငယ်စိတ်တွေ၊ အလိုမကျမှုတွေ ဖြစ်လာစေပါတယ်။ ဒါအပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း လျော့ကျလာစေပါတယ်။

ချဲ့ကားပြောတတ်တဲ့သူ

ချဲ့ကားပြောတတ်တဲ့သူတွေကတော့ တစ်စိတ်ကို တစ်အိတ်လုပ်ပြောတဲ့အတွက် ကိုယ့်အကြောင်း နည်းနည်းသိရင်တောင် သူများကို မဟုတ်တာတွေ လျှောက်ပြောနေမှာပါ။ ဒီလိုလူမျိုးတွေနဲ့က မပေါင်းသင်းပဲ ရှောင်တာ အကောင်းဆုံးပါပဲ။

Negative အမြင်များလွန်းတဲ့သူ

နောက်ဆုံးအနေနဲ့ ရှောင်သင့်တဲ့ Toxic ဖြစ်စေတဲ့သူကတော့ Negative အမြင်များလွန်းတဲ့သူပါပဲ။ နည်းနည်းလောက်မကောင်းတာဖြစ်ရင်တော့ အဆိုးဘက်ကိုပဲ အရမ်းဦးတည်ပြီး ပြောဆိုနေမှာဖြစ်တဲ့အတွက် ပိုစိတ်ညစ်ပြီး ပူလောင်ရပါတယ်။ ကိုယ်ပါ Negative အမြင်များတဲ့သူ ဖြစ်လာပါလိမ့်မယ်။