Keto Diet ဆိုတာ ကာဗွန်ဟိုက်ဒရိတ်နည်းပြီး ပရိုတိန်းမျှမျှတတနဲ့ အဆီမြင့်တဲ့ Diet ဖြစ်ပါတယ်။ ဝိတ်ချသူတွေအကြိုက် Diet ထဲမှာ ပါရှိပြီး ကျန်းမာရေးအကျိုးများတာကြောင့် နာမည်ကြီးတဲ့ Diet Plan ဖြစ်လာပါတယ်။ Keto Diet မှာ ပင်လယ်ငါးတွေ ၊ ကာဗွန်ဟိုက်ဒရိတ်နည်းတဲ့ အသီးအရွက်တွေ ၊ ချိစ် ၊ ကြက်ဥ ၊ ဒိန်ချဉ်နဲ့ ထောပတ်သီးတွေ ပါဝင်ပါတယ်။

ကာဗွန်ဟိုက်ဒရိတ် သိပ်နည်းပြီး အဆီများတဲ့ Diet ဖြစ်လို့ ဝိတ်ချရာမှာ စွမ်းပြီး ကိုလက်စထရောမြင့်သူတွေနဲ့ ဆီးချိုသွေးချိုသမားတွေအတွက် ထိရောက်မှု ရှိပါတယ်။ ဒါပေမယ့် အဆီမြင့်တာကြောင့် ရေရှည်မှာ ကျောက်တည်တာနဲ့ တခြားကျန်းမာရေးပြဿနာတွေ ရှိလာနိုင်ပါတယ်။ အခုပြောမယ့် လူတွေကတော့ Keto Diet မလုပ်ဘဲ ရှောင်ကြဉ်သင့်တဲ့ လူတွေထဲမှာ ပါရှိပါတယ်။

(၁) ကိုယ်ဝန်ဆောင်အမျိုးသမီးများ

Photo: CafeMom.com

ကိုယ်ဝန်လွယ်နေချိန်မှာ အမျိုးသမီးတွေဟာ အစားအသောက်ကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ ကိုယ်ဝန်ဆောင်တွေဟာ ဗိုက်ထဲက ကလေး ကြီးထွားဖို့အတွက် အာဟာရမြင့်မားပြီး စုံလင်တဲ့ Diet မျိုး စားပေးရမှာပါ။ Keto မှာ ကာဗွန်ဟိုက်ဒရိတ်နဲ့ အမျှင်ဓါတ်တွေ ရှောင်ထားတာ ဖြစ်လို့ ကိုယ်ဝန်သည်တွေနဲ့ လုံးဝမသင့်တော်ပါဘူး။

(၂) သားသတ်လွတ်သမားများ

Photo: Riverview Health

သားသတ်လွတ်စားသူတွေအတွက် Keto Diet လုပ်ခြင်းဟာ ကျန်းမာရေးထိခိုက်နိုင်တဲ့အထိ အခြေအနေဆိုးနိုင်ပါတယ်။ Keto Diet မှာ ကောက်ပဲသီးနှံနဲ့ သစ်သီးတချို့ကို ရှောင်ခိုင်းထားတာ ဖြစ်လို့ သားသတ်လွတ်သမားတွေအတွက် အာဟာရချို့တဲ့ပြီး ကျန်းမာရေးထိခိုက်နိုင်တာကြောင့် ရှောင်ရှားသင့်ပါတယ်။

(၃) အစာချေစနစ်နဲ့ ဆိုင်တဲ့ ဝေဒနာရှင်များ

Photo: Medical News Today

Keto Diet ရဲ့ ဘေးထွက်ဆိုးကျိုးတွေထဲက တစ်ခုက ဝမ်းချုပ်ခြင်းပဲ ဖြစ်ပါတယ်။ အမျှင်ဓါတ်နဲ့ Carbs ရှောင်ထားတာ ဖြစ်လို့ ရံဖန်ရံခါ ဝမ်းချုပ်တတ်တာ ဖြစ်ပါတယ်။ ကြာလာရင် အစာချေစနစ်ပိုင်းပါ ထိခိုက်လာပြီး ကာလရှည်ဝမ်းချုပ်တာမျိုးပါ ခံစားရနိုင်ပါတယ်။

(၄) ကျောက်ကပ်ပြဿနာရှိသူများ

Photo: Healthline

အပေါ်မှာ ပြောခဲ့တဲ့အတိုင်းပါပဲ။ Keto Diet ဟာ အဆီဓါတ်မြင့်မားတဲ့ High-Fat Diet ဖြစ်လို့ ကျောက်ကပ်အလုပ်လုပ်မှုကို ခက်ခဲစေနိုင်ပါတယ်။ တကယ်လို့ ကိုယ့်မှာ ကျောက်ကပ်ဝေဒနာခံစားနေရတယ်ဆိုရင် Keto Diet ကြောင့် ပိုပြီး ရောဂါအခြေအနေ ဆိုးရွားနိုင်ပါတယ်။

(၅) စားသောက်ပုံ မမှန်ကန်သူများ

Photo: Buffalo Healthy Living Magazine

Eating Disorders ဆိုတာ စိတ်နဲ့ ရုပ်ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ စားသောက်မှုမူမမှန်တဲ့ ပြဿနာကိုဆိုလိုတာပါ။ ဒါဟာ စိတ်မူမမှန်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဒီလို လူတွေအနေနဲ့ Keto Diet လုပ်မယ်ဆိုရင် ရလဒ်ကောင်းစရာအကြောင်း မရှိပါဘူး။ အကောင်းဆုံးကတော့ Diet မလုပ်ခင် တတ်ကျွမ်းသူနဲ့ တိုင်ပင်အကြံယူခြင်းပဲ ဖြစ်ပါတယ်။