လက်သည်းပျော့ပြီး အားနည်းရင် ခဏခဏကျိုးပဲ့လွယ်ပါတယ်။ လက်သည်းလည်း အရှည်နှေးပါတယ်။ ဒါကြောင့် ပျော့ပျောင်းပြီးအားနည်းတဲ့ လက်သည်းတွေကို ကျန်းမာလာအောင် ကူညီပေးမယ့် Oil ၅ မျိုးကို ပြောပြပေးလိုက်ပါတယ်။

Vitamin E Oil

ညအိပ်ယာဝင်ခါနီးတိုင်း Vitamin E Oil ကို လက်သည်းမှာပွတ်လိမ်းပေးရင် လက်သည်းကျန်းမာလာစေတယ်၊ အရှည်မြန်ပြီး ကျိုးပဲ့တာတွေလည်း သက်သာစေတယ်၊ သွေးလည်ပတ်မှုလည်း ကောင်းမွန်စေပါတယ်။

Tea Tree Oil

Tea Tree Oil – ၂ စက်ကို သံလွင်ဆီ – လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ ရောမွှေပြီး လက်သည်းကို လိမ်းပေးပါ။ လိမ်းတဲ့အခါမှာ ဒီတိုင်းပွတ်မလိမ်းပဲ လက်ချောင်းလေးတွေနဲ့ Massage လုပ်နှိပ်နယ်ပေးပါ။ လက်သည်းသန်မာပြီး ကျန်းမာစေပါတယ်။

Olive Oil

Olive Oil ကိုအပူပေးပြီး နွေးလာပြီဆိုရင် လက်သည်းကိုလိမ်းပေးပါ။ ပြီးရင် လက်ချောင်းလေးတွေနဲ့ ၅ မိနစ်လောက် Massage လုပ်နှိပ်နယ်ပေးပါ။ လက်သည်းအတွက်လိုအပ်တဲ့ အာဟာရဓာတ်နဲ့ Moisturizing ရစေပြီး လက်သည်းပျက်စီးတာ သက်သာစေတယ်၊ လက်သည်းသန်မာစေပါတယ်။

Almond Oil

Almond Oil ကိုလည်း ခုနက Olive Oil လိုပါပဲ။ အပူပေးပြီး နွေးလာရင် လက်သည်းကိုလိမ်းပေးပါ။ လက်သည်းဘေးဘက်တွေကိုလည်း လိမ်းပေးပြီး ၂ မိနစ်၊ ၃ မိနစ်လောက် Massage လုပ်နှိပ်နယ်ပေးပါ။ လက်သည်းကျန်းမာစေပါတယ်။

Jojoba Oil

Jojoba Oil လည်းတူတူပါပဲ။ အပူပေးပြီး နွေးလာရင် လက်သည်းကိုလိမ်းပေးပါ။ လက်သည်းဘေးဘက်တွေကိုလည်း လိမ်းပေးပြီး ၂ မိနစ်၊ ၃ မိနစ်လောက် Massage လုပ်နှိပ်နယ်ပေးပါ။ လက်သည်း ကျန်းမာသန်စွမ်းပြီး လက်သည်းထူစေပါတယ်။