သင်က မိန်းကလေး တစ်ယောက်ဆိုရင် အခုဖော်ပြတဲ့ ယောကျာ်းလေးပုံစံ (၅) မျိုးထဲက တစ်မျိုးကိုတော့ သဘောကျ နှစ်သက်ပါလိမ့်မယ်။ လက်ရှိ ဒီစာကို ဖတ်နေတဲ့ သင်က ယောကျာ်းလေးတစ်ယောက်ဆိုရင်တော့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ပိုင်ဆိုင်ဖို့ ဒီထဲက ပုံစံတစ်မျိုးကို ပိုင်ဆိုင်ထားသင့်ပါတယ်။ ပိုင်ဆိုင်ပြီးသားပဲ ဖြစ်မှာပါ။ ဒီတော့ မိန်းကလေးတွေ လိုချင်ကြတဲ့ ယောကျာ်းလေး ပုံစံ (၅) မျိုးကို ကြည့်လိုက်ရအောင်နော်-
၁။ ပညာတက်
ဘွဲ့ရ ပညာတက် ဆိုတာထက် တကယ်ကို ဖြတ်ထိုးဉာဏ်ကောင်းပြီး ဗဟုသုတ ကြွယ်ဝတဲ့ ယောကျာ်းလေးတွေကို မိန်းကလေးတွေ ပိုင်ဆိုင်ချင်ကြပါတယ်။ ဒီလို ယောကျာ်းလေးတွေကို မျက်မှန်လေးတွေတပ်ပြီး အတွေ့များပါတယ်။ ရိုးရိုးအေးအေးလေးနဲ့ ဟန်ဆောင်မှုကင်းတဲ့ Type မျိုး ဖြစ်ပါတယ်။
၂။ ရက်ရောတဲ့ ယောကျာ်းလေး
အလှူတစ်ခုခုဆိုလည်း ဒီကောင်လေးမျိုးက ပါတာပါပဲ။ ပရဟိတ ဆိုလည်း သူတို့က ထိပ်ဆုံးပါပဲ။ ဒီလို ယောကျာ်းလေးမျိုးကို မိန်းကလေးတွေက သူတို့ရဲ့ ရေရှည် တွဲရမယ့် လက်တွဲဖော်အဖြစ် ရွေးချယ်တတ်ကြပါတယ်။
၃။ စိတ်ကူးယဉ်ဆန်တဲ့ ယောကျာ်းလေး
Surprise တိုက်တတ်တဲ့ ကောင်လေးမျိုးပါ။ စားသောက်ဆိုင်မှာ ထိုင်တဲ့အချိန် ကိုယ့်အတွက် ခုံ ဆွဲပေးတာမျိုး၊ ကားတံခါး ဖွင့်ပေးတာမျိုး၊ ကိုယ့်အတွက် ရည်ရွယ်ပြီး ကဗျာ၊ သီချင်း၊ စာရေးတတ်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ယောကျာ်းလေးမျိုးကို မိန်းကလေးတွေက တောင့်တ မက်မောတတ်ပါတယ်။
၄။ ခပ်လန်းလန်း ယောကျာ်းလေး
ဒါကတော့ မိန်းကလေးတိုင်း လိုလို နှစ်သက်တဲ့ ယောကျာ်းလေး Type ပါ။ ဒါကြောင့်လည်း မိန်းကလေးတိုင်းလိုလိုမှာ နှစ်သက်တဲ့ အနုပညာရှင် မင်းသားတွေ ရှိတာပါ။ ကိုယ်တွဲတဲ့ ယောကျာ်းလေးက အချောကြီး မဟုတ်ရင်တောင် သန့်သန့်ပြန့်ပြန့် ပုံစံမျိုးကို မိန်းကလေးတွေ လိုချင်ကြပါတယ်။
၅။ ရင့်ကျက်တဲ့ ယောကျာ်းလေး
ကိုယ့်အတွက် စဉ်းစားပေးတဲ့၊ ကိုယ့်ကို နားလည်မှု ပေးနိုင်တဲ့၊ ကိုယ့် လွတ်လပ်မှုကို တန်ဖိုးထားတဲ့ ယောကျာ်းလေးမျိုးကို မိန်းကလေးတွေ လိုချင်ကြပါတယ်။ ဒီယောကျာ်းလေး ပုံစံက ရင့်ကျက်တဲ့ ပုံစံလို့ ဆိုနိုင်ပါတယ်။ ရင့်ကျက်တဲ့ ယောကျာ်းလေးတစ်ယောက်ကိုပဲ မိန်းကလေးတွေက အားကိုးအားထား ဆက်ဆံမှာပါ။
ဒီ ပုံစံ ငါးမျိုးထဲက သင်က ဘယ်ပုံစံကို ပိုင်ဆိုင်ထားပြီလဲ၊ မိန်းကလေးတွေ အနေနဲ့ကော ဒီငါးမျိုးထဲက ဘယ်လိုယောကျာ်းလေးမျိုးကို အလိုချင်ဆုံးလဲ ပြောပြခဲ့ပါဦး။
Photo Source: Pinterest