ရင်သားအတွက် သီးသန့်လေ့ကျင့်ခန်းလုပ်ချင်သူများ အိမ်မှာလုပ်နိုင်မယ့် လေ့ကျင့်ခန်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ရင်ဆိုဒ်သေးလို့၊ ရင်ကြီးချင်လို့၊ ရင်သားတင်းရင်းပြီး လှပချင်လို့ဆိုရင်တော့ ဒီလေ့ကျင့်ခန်းတွေကို သေချာလေး ပုံမှန်လုပ်သွားပေးပါ။

Standing Press

ပုံမှာလုပ်ပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို ဘေးကားလိုက်၊ မျက်နှာရှေ့မှာ ပြန်စုလိုက်နဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ အကြိမ် ၃၀ လုပ်ပေးရပါမယ်။

Wall Press

ခန္ဓာကိုယ်ကို မတ်မတ်ရပ်ပြီး လက်နှစ်ဖက်ကိုရှေ့ဆန့်ကာ လက်ဖဝါးနှစ်ဖက်က နံရံမှာကပ်ထားပါ။ ပြီးရင် ဒုတိယပုံထဲကလို ပြောင်းလုပ်ပါ။ အဲ့အတိုင်း အနေအထားနှစ်မျိုးကို ဆက်တိုက်လုပ်သွားပေးပါ။ သူလည်း အကြိမ် ၃၀ ပါပဲ။

Arm Circles

ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို ဘေးဆန့်ထုတ်ပြီး စက်ဝိုင်းပုံစံလှည့်ပေးရမှာပါ။ အရှေ့ကနေလှည့်တာ ၁၅ ကြိမ်၊ အနောက်ကနေ ပြန်လှည့်တာ ၁၅ ကြိမ် လုပ်ပေးပါ။ အဲ့ထက်ပိုလုပ်နိုင်ရင်လည်း လုပ်ပေးပါ။

Horizontal Chest Press

အလေးတုံးကိုသုံးပြီးတော့ ပုံမှာလုပ်ပြထားတဲ့အတိုင်း ဒူးထောင်ကာ အလေးနှစ်ခုကို မျက်နှာရှေ့ဆုံလိုက်၊ ဘေးပြန်ချလိုက်နဲ့ လုပ်ပေးရမှာပါ။ အကြိမ် ၃၀ လုပ်ပေးပါ။ ဖြေးဖြေးချင်းစီ လုပ်သွားပေးပါ။

Modified Push Ups

ပုံမှာလုပ်ပြထားသလို ဒူးထောက်ပြီး လက်နှစ်ဖက်ကိုလည်း သေချာဆန့်ပြီးထောက်ထားပါ။ ပြီးရင် လက်ကိုကွေးပြီး ဒုတိယပုံထဲကလို လုပ်ပေးပါ။ ရင်ဘတ်နဲ့ ကြမ်းပြင်ကိုမထိအောင် နည်းနည်းခွာထားပါ။ အဲ့အတိုင်း အကြိမ် ၃၀ လုပ်ပေးရင်ရပါပြီ။