Eye Makeup သေချာပြင်လေ့ရှိတဲ့သူတွေအတွက် ဆောင်ထားသင့်တဲ့ပစ္စည်း ၅ မျိုးကို ပြောပြပေးလိုက်ပါတယ်။ ဒါမှ ကိုယ်ပြင်ထားတာက Perfect ဖြစ်ပြီး လှပတဲ့ Eye Makeup Look လေး ဖြစ်နေမှာပါ။ နောက်ထပ်ကိုယ်သုံးချင်ရင် သုံးချင်သလောက် အများကြီးသုံးလို့ရပေမယ့် ဒီ ၅ မျိုးဆိုရင်ပဲ တော်တော် လုံလောက်နေပါပြီ။

Eye Primer

Eye Primer လိမ်းပေးခြင်းက Eyeshadow ခြယ်တဲ့အခါ ပိုပြီး Long Lasting ဖြစ်စေသလို မျက်လုံးအသားအရေကိုလည်း ထိခိုက်မှုနည်းစေပါတယ်။

Eyeshadow

Eyeshadow ကို အများကြီးမဝယ်ရင်တောင်မှ Daily သုံးလို့ရမယ့် အရောင်တွေ များများပါတဲ့ Palette ကို ဝယ်ထားပါ။ ပြီးရင် Liquid or Cream Glitter Eyeshadow လေးလည်း ဝယ်ထားပါ။ ဒီလောက်ဆိုရင် လုံလောက်ပါပြီ။

Eyeliner

မျက်လုံးအလှပိုပေါ်လွင်အောင် Eyeliner ဆွဲပါ။ Eyeliner ဆွဲရတာ ကြိုက်တဲ့သူဆိုရင် Liquid Eyeliner ရော Pencil or Gel Eyeliner ရော ဝယ်ထားပါ။ Pencil or Gel Eyeliner ကျတော့ မျက်လုံးအတွင်းသားနဲ့ မျက်လုံးအောက်ဘက်ကို ခြယ်လို့အဆင်ပြေပါတယ်။

Mascara

Eye Makeup Look ပြင်ပြီဆိုရင် Mascara က မပါမဖြစ်ပါပဲ။ နောက်ဆုံး ဘာမှမခြယ်သဘူးဆိုရင်တောင်မှ Mascara လေးနဲ့ မျက်တောင်ကော့လိုက်ရင် လှနေပါပြီ။

Eyebrow Pencil

မျက်လုံးကိုခြယ်သပြီးရင် မျက်ခုံးကိုလည်း သေချာလှလှလေးဆွဲဖို့ မမေ့ပါနဲ့။ မျက်နှာမှာ မျက်ခုံးက အသက်ပါပဲ။ ဒါကြောင့် Eyebrow Pencil က မရှိမဖြစ်လိုအပ်ပါတယ်။