ချစ်သူကောင်လေးရဲ့ မိဘတွေကို တွေ့ရတာလောက် ကြောက်ဖို့ကောင်းတဲ့အချိန် မရှိပါဘူး။ သူတို့ ကိုယ့်ကို သဘောကျပါ့မလား၊ ကိုယ့်ပုံစံက သူတို့အမြင်မှာ ဘာဖြစ်နေမလဲ တွေးပူရတာ အမောပါပဲ။ ဒီတစ်ခေါက်မှာတော့ သင့်ကောင်လေးရဲ့ မိဘတွေ သင့်အပေါ် မြင်တာနဲ့ Impression တက်စေမယ့် ဝတ်ဆင်ပုံတွေကို ဖော်ပြပါရစေ။

၁။ သင့်ကောင်လေးကို မမေးပါနဲ့

ပထမဆုံး ဖက်ရှင်ပုံစံကို မပြောခင် သိထားသင့်တာကတော့ သင့်ကောင်လေးကို မမေးသင့်တာပါ။ ယောက်ျားလေးအများစုက ဖက်ရှင်ကို စိတ်မဝင်စားပါဘူး။ သူတို့စိတ်ထဲ သူတို့သဘောကျတဲ့ မိန်းကလေးကို သူတို့မိဘတွေလည်း သဘောကျမယ်လို့ ယုံထားတတ်ပါတယ်။ သူဘယ်လိုပဲ ပြောပါစေ သင့်ဘက်က အကောင်းဆုံး ပြင်ဆင်ထားသင့်ပါတယ်။

၂။ အတိုတွေ မဝတ်ပါနဲ့

အတိုဖက်ရှင်က စစတွေ့ချင်းမှာ မဝတ်သင့်တဲ့ ဖက်ရှင်ပဲ ဖြစ်ပါတယ်။ မိဘတွေရဲ့ စိတ်ထဲမှာသူတို့ သားလေးက ကလေးပါပဲ။ သူတို့ ကလေးကို ပျော်အောင်ထားပြီး စိတ်ချရတဲ့ သူဆီမှာပဲ ထားချင်ပါတယ်။ ဒါကြောင့် ပေါ့ပါးလွန်းတာကောင်းပေမယ့် တိုလွန်းတာမျိုးကိုတော့ ရှောင်သင့်ပါတယ်။

၃။ ဒူးဖုံးစကပ်

ဒူးဖုံးစကပ်တွေက သင့်ပုံစံကို အထက်တန်းဆန်ဆန် လှစေပါတယ်။ ပေါ့ပေါ့ပါးပါး ပုံစံရဖို့ တီရှပ်နဲ့ ဒူးဖုံးစကပ် တွဲဝတ်နိင်ပါတယ်။ ဘောင်းဘီအပွ အရှည်တွေကလည်း သင့်ကို ပေါ့ပေါ့ပါးပါး ဖြစ်စေပြီး သင့်တော်ပါတယ်။

၄။ ကိုယ့်ပုံစံကို ပြသပါ

သင်က ဘယ်လိုလူမျိုးလဲဆိုတာကို သူတို့သိဖို့ ရွေးချယ်တဲ့ Accessories တွေကိုလည်း ဂရုစိုက်သင့်ပါတယ်။ ကိုယ်က ပေါ့ပေါ့ပါးပါး နေတတ်သူလား၊ တည်ငြိမ်သူလား၊ သွက်လက်သူလား စတာတွေကို ကိုယ့်ဖက်ရှင်ထဲ ထင်ဟပ်နေသင့်ပါတယ်။ ရိုးရိုးရှင်းရှင်း နေတတ်သူဆိုရင် အင်္ကျီတီရှပ်အဖြူနဲ့ ဒူးဖုံးစကပ်အနက်က အဆင်ပြေပါတယ်။

၅။ သင့်ပုံစံ

ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီးသွားပြီး လက်သည်းကိုပါ ဂရုတစိုက် လုပ်သွားသင့်ပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါလည်း သဘာဝဆန်ဆန် Natural Look ကိုပဲ ဦးတည်သင့်ပါတယ်။ သင့်ကောင်လေးမိဘတွေနဲ့ တွေ့မယ့်အချိန် သေချာပြင်လာတယ်ဆိုတာ သူတို့သိအောင် ပြင်ဆင်သွားသင့်ပါတယ်။

ဒါပေမဲ့ အရေးအကြီးဆုံးကတော့ Impression ထက် သင့်ကောင်လေးကို ပျော်အောင်ထားဖို့ပါပဲ။

Photo Source: Pinterest

By MyStyle Myanmar