ဆံသားကောင်းဖို့အတွက်က ဦးရေပြားကျန်းမာဖို့လိုပါတယ်။ ဦးရေပြားကျန်းမာမှ ဆံပင်အရင်းဆီ လိုအပ်တဲ့အာဟာရနဲ့ အောက်ဆီဂျင်ကို ထောက်ပံ့ပေးပြီး ဆံပင်ကြီးထွားမှုကို အထောက်အကူဖြစ်စေမှာပါ။ ဦးရေပြားကို ရေဓာတ်ဖြည့်ပေးပြီး ဆုံးရှုံးသွားတဲ့အစိုဓာတ်ကို ပြန်ဖြည့်ပေးဖို့နဲ့ သွေးလည်ပတ်မှုကို ကောင်းစေဖို့ Scalp Serum များက ကူညီပေးနိုင်ပါတယ်။

ဒါကတော့ ဦးရေပြားကျန်းမာဖို့နဲ့ ဆံပင်ကို သန်မာစေဖို့ ကူညီပေးနိုင်တဲ့ Scalp Serum တွေပါ။

1. Bontress Pro+ Scalp Serum

ဒီ serum က ဆံပင်အရှည်နဲ့ သိပ်သည်းဆကို မြှင့်တင်ပေးတဲ့အပြင် ရေဓာတ်ဖြည့်ပေးပြီး အတွင်းကနေ အာဟာရဖြည့်ပေးတာကြောင့် ရက် 90 အတွင်းမှာ သင့်ဆံပင်ကို အရင်ကထက် ပိုထူလာစေပါတယ်။

2. L’Occitane Strength and Volume Scalp Serum

ဒီ serum က ဆံပင်ကို သန်ပြီးတောက်ပစေတဲ့အပြင် ဆံပင်ကျွတ်တာကိုလည်း 24 နာရီကြာအောင် ထိန်းချုပ်ပေးပါတယ်။

3. The Body Shop Ginger Scalp Serum

ဂျင်းရဲ့အဆီကနေထုတ်ထားတဲ့ ဒီ Serum က ဦးရေပြားကို နက်ရှိုင်းစွာ အာဟာရဖြည့်ပေးပြီး ဦးရေပြားကျန်းမာရေးကို ပြန်ပြီးဟန်ချက်ညီစေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် Paraben-free ဖြစ်တာကြောင့်
ဦးရေပြားနဲ့ပတ်သက်တဲ့ပြဿနာတွေကို လျော့ချပေးနိုင်ပါတယ်။

4. Schwarzkopf Professional Bonacure Serum

အနံ့မပါတဲ့ ဒီ Serum က ဆံပင်ရဲ့မွေးညင်းပေါက်တွေကို အားကောင်းစေပြီး ဆံပင်ပါးတာကို ကာကွယ်ပေးတာကြောင့် ဆံပင်ကို ပိုထူပိုကောင်းစေပါတယ်။ ဦးရေပြားကို သန့်ရှင်းစေတာမလို့ ဦးရေပြားခြောက်တာ ၊ ယားတာ ၊ နီတာတို့ကို သက်သာစေပါတယ်။

5. Generic Refonte Scalp Serum

ဒီ Serum ကို ပုံမှန်သုံးပေးရင် ဆံပင်ကျွတ်တာကိုလည်း ကာကွယ်ပေးနိုင်သလို ဦးရေပြားကျန်းမာရေးကို ကောင်းစေပြီး ဆံပင်မွေးညင်းပေါက်တွေကို အားကောင်းစေတာမလို့ ဆံသားအနုလေးတွေကို ပြန်ပေါက်စေတာပါတယ်။ တစ်ခုသတိထားရမှာက ဒီ Serum သုံးတဲ့အခါ ဦးရေပြားမှာ အနည်းဆုံး 3 နာရီထားဖို့ပါ။