မင်္ဂလာပါ.. ပျိုမဒီတို့ရေ… ဂျိုင်းကမဲနေလို့ အပြင်သွားတဲ့အခါ လက်ပြတ်အင်္ကျီလှလှလေးတွေ ဝတ်ချင်ပေမယ့် မဝတ်ရဲတာမျိုးကြုံနေလားရှင် ? ဒါဆိုရင်တော့ အခုဝေမျှပေးမယ့်နည်းလေးတွေကို စမ်းကြည့်ပါ။ မီးဖိုချောင်မှာ အလွယ်တကူရနိုင်တဲ့ ပါဝင်ပစ္စည်းတွေနဲ့မလို့ အကုန်အကျလည်း သက်သာပါတယ်နော်။

Tomato

ခရမ်းချဉ်သီးမှာ အရောင်ချွတ်နိုင်တဲ့ ဂုဏ်သတ္တိတွေ ရှိပြီး အရေပြားကို တောက်ပလာစေတဲ့ antioxidants တွေ ကြွယ်ဝစွာပါရှိပါတယ်။ ခရမ်းချဉ်သီးကို ဒေါင်လိုက် လှီးပြီး သကြာနည်းနည်းဖြူးလိုက်ပါ။ ဂျိုင်းကို ခရမ်းချဉ်သီးနဲ့ ၅ မိနစ်လောက် ပွတ်ပေးပြီး 10 မိနစ်လောက်ကြာရင် ရေနဲ့ ဆေးချပါ။

Baking Soda

Baking Soda က ဆဲလ်အသေတွေကိုဖယ်ရှားပေးပြီး အသားအရေကို ကြည်လင် တောက်ပစေပါတယ်။ Baking Soda နဲ့ Rose Water ရောထားတာကို ဂျိုင်းမှာ လိမ်းပြီး 15 မိနစ်လောက်ထားလိုက်ပါ။ ခြောက်သွားရင် စက်ဝိုင်းပုံစံ နှိပ်နယ်ပြီး ရေနဲ့ ဆေးချပါ။

Potato

အာလူးက သဘာဝအတိုင်း အသားအရေကို အရောင်ချွတ်ပေးပြီး တောက်ပစေပါတယ်။ ကြိတ်ထားတဲ့အာလူးကို အရည်ညှစ်ပြီး သံပုရာရည်နဲ့ ရောပြီး သေချာမွှေပေးပါ။ လိမ်းတဲ့အခါ ဂွမ်းလုံးတစ်လုံးကို သုံးပြီးလိမ်းပေးပါ။ မိနစ် 20 လောက်ထားပြီး ချိုင်းကြားတွေကို ရေနဲ့ ဆေးချပါ။

Aloe Vera Gel

ရှားစောင်းလက်ပတ်က အသားအရေကို နူးညံ့ချောမွေ့စေပြီး နေလောင်ဒဏ်နဲ့ အမဲစက်တွေကို လျော့ပါးစေနိုင်ပါတယ်။ ရှားစောင်းလက်ပတ်ရွက်ကို ဒေါင်လိုက်ဖြတ်ပြီး ဇွန်းနဲ့ ခြစ်လိုက်ပါ။ချိုင်းကြားကို လိမ်းပြီး 5 မိနစ်လောက် နှိပ်နယ်ပြီး တစ်ညလုံး ထားလိုက်ပါ။ မနက်မှ ရေဆေးချပါ။

Tea Tree Oil

လက်ဖက်ဆီက သဘာဝအနံ့အသက်ပျောက်ဆေးဖြစ်တာကြောင့် ချိုင်းကြာကို အနံ့အသက်ကင်းစေပါတယ်။ ပန်းကန်လုံးတစ်လုံးထဲမှာ လက်ဖက်ပင်ဆီနဲ့ ပျားရည်တို့ကို ရောမွှေပြီး လိမ်းပေးပါ။ မိနစ် 30 လောက်ထားပြီးမှ . ရေနဲ့ ဆေးချပါ။