နှာခေါင်းမှာ ဆားဝက်ခြံတွေ အများကြီးရှိလို့ စိတ်ညစ်နေရတဲ့သူတွေအတွက် ဆားဝက်ခြံတွေကို အမြန်ဆုံးနည်းနဲ့ဖယ်ရှားနိုင်မယ့် သဘာဝနည်းလမ်းကောင်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။
သံပယိုရည်
သံပယိုသီးက ဗီတာမင်စီကြွယ်ဝတဲ့အသီးဖြစ်လို့ ဆဲလ်သေတွေနဲ့ ဆားဝက်ခြံတွေကို ဖယ်ရှားပေးပါတယ်။ ညအိပ်ယာမဝင်ခင်မှာ သံပယိုရည်ကို ဂွမ်းလုံးနဲ့တို့ယူပြီး နှာခေါင်းမှာပွတ်ပေးပါ။ တစ်ညထားပြီး မနက်ရောက်မှ ရေကြက်သီးနွေးနဲ့ ဆေးချလိုက်မယ်ဆိုရင်တော့ ဆားဝက်ခြံအကုန်လုံး ယူပစ်လိုက်သလို ပျောက်သွားပါလိမ့်မယ်။
မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရေ – စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ရောပြီး ပျစ်ပျစ်လေးဖြစ်အောင် မွှေပေးပါ။ ပြီးရင်တော့ ဆားဝက်ခြံတွေရှိတဲ့ နှာခေါင်းနေရာမှာ လိမ်းပေးပြီး ၅ မိနစ်လောက်နေရင် ရေကြက်သီးနွေးနဲ့ ဆေးချလိုက်ပါ။ ဒီလိုလုပ်ပြီးသွားရင် အသားခြောက်သွားတဲ့အတွက် moisturizer ပြန်လိမ်းပေးဖို့ မမေ့ပါနဲ့။
နနွင်းမှုန့်
နနွင်းမှုန့်နဲ့ အုန်းဆီကို ဆတူရောမွှေပြီး ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင်တော့ ဆားဝက်ခြံတွေရှိတဲ့ နှာခေါင်းနေရာမှာ လိမ်းပေးပြီး ၁၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် ရေဆေးချပြီး moisturizer ပြန်လိမ်းပေးရုံပါပဲ။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးတစ်လုံးကိုချေပြီး သံပယိုရည်နည်းနည်းနဲ့ ရောမွှေပေးပါ။ ပြီးရင်တော့ ဆားဝက်ခြံရှိတဲ့နေရာကို exfoliate လုပ်သလို ၅ မိနစ်လောက်ပွတ်နေပေးပါ။ ရေကြက်သီးနွေးနဲ့ ဆေးချပြီးရင်တော့ moisturizer ပြန်လိမ်းပေးဖို့ မမေ့ပါနဲ့။
Tea-tree-oil
အုန်းဆီနဲ့ tea tree oil ကို ဆတူရောမွှေပြီး ဆားဝက်ခြံရှိတဲ့နေရာမှာ ပွတ်လိမ်းပေးခြင်းက ဆားဝက်ခြံတွေကိုဖယ်ရှားပေးနိုင်ပြီး အရေပြားပေါ်က ဘတ်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။