မင်္ဂလာပါ ပျိုမေတို့ရေ။ သင်က လက်သည်းအရှည်လေးထားရတာကြိုက်တယ်ဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲ။ လက်သည်းရှည်လာတိုင်း အခန့်မသင့်ဘဲ ခဏခဏကျိုးတတ်တဲ့သူတွေ၊ ရှည်ဖို့ခက်တဲ့သူတွေအတွက် လက်သည်းလေးတွေကျန်းမာပြီး ညီညီရှည်ရှည်လေးရဖို့ ပံ့ပိုးပေးနိုင်တဲ့ နည်းလမ်းအချို့ကို ဖော်ပြပေးသွားမှာပါ။ အချိန်သိပ်မပေးရသလို ကိုယ်တိုင်အိမ်မှာလုပ်နိုင်တာမို့ သိချင်တယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

လက်ပန်းကုံးနေရာကို နှိပ်နယ်ပေးပါ


လက်သည်းအရင်းက လက်ပန်းကုံးနေရာလေးတွေကို တစ်နေ့မှာ ၁၅ စက္ကန့်လောက်အချိန်ပေးပြီး နှိပ်နယ်ပေးတာက သင့်လက်သည်းသွေးလည်ပတ်မှုပိုကောင်းပြီး အရှည်မြန်လာစေဖို့ ကူညီပေးမှာပါ။

ပရိုတင်းများများစားပါ


လက်သည်းခွံတွေက ပရိုတင်းဓာတ်အပေါ်မှီခိုနေတဲ့ Keratin ဆိုတဲ့ပစ္စည်းနဲ့ပြုလုပ်ထားတာမို့ ခန္ဓာကိုယ်ထဲမှာ ပရိုတင်းနည်းရင် လက်သည်းပါးတာ၊ ကြွပ်ဆတ်တာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ စားနေကျထဲမှာ ပရိုတင်းကို မဖြစ်မနေထည့်သွင်းထားပါ။

Nail Serum (သို့) Moisturizer လိမ်းပေးပါ


လက်သည်းအတွက်အစိုဓာတ်ရဖို့လိုတာမို့ သင်လိမ်းနေကျ Moisturizer ဒါမှမဟုတ် အစိုဓာတ်ပါဝင်မှုများတဲ့ Nail Serum လေးလိမ်းပေးပါနော်။

ရေ၊ ဆပ်ပြာနဲ့ ကြာကြာထိမယ်ဆို လက်အိတ်သုံးပေးပါ


လက်သည်းက ဆပ်ပြာနဲ့အထိများရင် သူ့မှာပါတဲ့ ချေးချွတ်ဓာတုအာနိသင်ကြောင့် လက်သည်းကပျော့ပြီး အားနည်းလာတတ်တာမို့ သင့်အနေနဲ့ ရေနဲ့ကြာကြာထိပြီး ဆေးကြောရတဲ့အချိန်တွေမှာ ရာဘာလက်အိတ်တွေ ဝတ်ထားပေးတာ ပိုကောင်းပါတယ်။

လိမ္မော်ရည်ထဲ ထည့်စိမ်ပါ


လိမ္မော်သီးမှာပါတဲ့ ဗီတာမင်စီက လက်သည်းခွံမာပြီး အရှည်သန်လာဖို့ အားဖြည့်ပေးတာမို့ လိမ္မော်ရည်ထဲမှာ လက်သည်းမြုပ်တဲ့အထိ ထည့်စိမ်ပြီး ၁၀ မိနစ်ခန့်ထားပေးပါ။ အချိန်ပြည့်ရင်တော့ ရေနဲ့သေချာပြန်ဆေးပြီး Vaseline (သို့) Hand Cream တစ်ခုလိမ်းထားပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar