မိန်းကလေးတိုင်းရဲ့ အသားအရေနဲ့ဆံသားအတွက် ဘီယာရဲ့အသုံးဝင်ပုံ ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။
ဘီယာနဲ့ မျက်နှာပေါင်းတင်ပေးလို့ရပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ ဘီယာ – လက်ဖက်ရည်ဇွန်းတစ်ဝက်စာကို ကြက်ဥအဖြူအကာနဲ့ ရောခလောက်ပြီး almond extract – တစ်စက်ထည့်မွှေပါ။ ပြီးရင်တော့ မျက်နှာမှာသုတ်လိမ်းပြီး ခြောက်သွားရင် ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ပေးလိုက်ရုံပါပဲ။
ဘီယာနဲ့ ခေါင်းလျှော်ပေးတာလည်း ဆံသားအတွက် အရမ်းကောင်းပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ ရေသန့် – ၁ အောင်စ၊ ဘီယာ – ၁ အောင်စ၊ apple cider vinegar – လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ lemon essential oil – ၇ စက်တို့ကို ရောထည့်ပြီး မွှေပေးပါ။ ပြီးရင်တော့ ဆံသားကိုလောင်းချပြီး နှိပ်နယ်ပေးပါ။ ခဏနေရင်တော့ ရေကြက်သီးနွေးနဲ့ဆေးပြီး ခေါင်းလျှော်ရည်နဲ့ ပြန်လျှော်ပေးပါ။ ဒီနည်းလမ်းကိုတော့ တစ်လတစ်ခါ ပုံမှန်လုပ်ပေးနိုင်ပါတယ်။
ဘီယာနဲ့ရေချိူးပေးရင် အသားအရေနူးညံ့ချောမွေ့စေပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ သံလွင်ဆီပါတဲ့ဆပ်ပြာနဲ့ ဘီယာကိုရောပြီး ရေစိမ်ချိုးပေးရမှာပါ။ bath tube လေးနဲ့ ကြာကြာစိမ်ချိုးရင် ပိုကောင်းပါတယ်။
ဘီယာနဲ့ စတော်ဘယ်ရီကိုသုံးပြီးတော့လည်း မျက်နှာကို scrub လုပ်ပေးနိုင်ပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ စတော်ဘယ်ရီ ၃ လုံးကိုချေပြီး ဘီယာ ၂ စက်လောက်ထည့်ကာ ပျစ်ပျစ်လေးဖြစ်အောင်မွှေပါ။ ပြီးရင်တော့ မျက်နှာကို စက်ဝိုင်းပုံစံပွတ်ပေးပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင် ရေဆေးချပြီး skincare ပြန်လိမ်းပေးလိုက်ရုံပါပဲ။
ဘီယာကို hair conditioner အဖြစ်နဲ့သုံးပေးရင် ဆံသားတောက်ပြောင်စေပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ ဘီယာတစ်ခွက်ကိုအပူပေးပြီး နွေးလာပြီဆိုရင် jojoba oil – လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရောမွှေပါ။ ပြီးရင်တော့ hair conditioner အဖြစ်နဲ့ သုံးနိုင်ပါပြီ။
source:www.medicaldaily.com