တချို့က အလုပ်မှာပျော်ပေမယ့် တချို့ကျတော့ အလုပ်မှာမပျော်ပါဘူး။ ဒီအလုပ်မှာမပျော်ဘူး၊ အလုပ်မလုပ်ချင်တော့ဘူးဆိုပြီး ဖြစ်လာကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်က ဒီအလုပ်မှာပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ ပျော်အောင်နေရမှာပဲ။ မဟုတ်ရင် အလုပ်လုပ်ရတာ ကိုယ်ပဲပိုပင်ပန်းတယ်။ ဒါကြောင့် ကိုယ့်အလုပ်မှာ ပျော်ရွှင်အောင်နေထိုင်နည်းတွေကို ပြောပြပေးလိုက်ပါတယ်။

အလုပ်ကလူတွေနဲ့အဆင်ပြေအောင်နေပါ

အလုပ်လုပ်ရင် အရေးအကြီးဆုံးက အလုပ်ကလူတွေနဲ့ အဆင်ပြေအောင်နေဖို့ပါပဲ။ အလုပ်ကလူတွေနဲ့ အဆင်မပြေရင် တော်တော်စိတ်ညစ်ဖို့ကောင်းပါတယ်။ မချစ်သော်လည်း အောင့်ကာနမ်းဆိုသလိုပဲ အမြင်ကပ်တဲ့သူရှိလည်း အလိုက်အထိုက်သာ အဆင်ပြေအောင်နေလိုက်ပါ။

အလုုပ်မှာအခင်ဆုံးသူတစ်ယောက်တော့ထားပါ

အလုပ်မှာ အခင်ဆုံးသူတစ်ယောက်ရှိရင် တော်တော်အဆင်ပြေပါတယ်။ အမြဲတမ်းစကားပြောပြီး တိုင်ပင်လို့ရတယ်။ အကြောင်းစုံပြောပြီးနေတော့ မပျင်းရဘူး၊ ပျော်ရတယ်။

တစ်ယောက်ထဲမနေပါနဲ့

အလုပ်မှာ ဘယ်တော့မှာ သီးသန့်ခွဲထွက်ပြီး တစ်ယောက်ထဲမနေပါနဲ့။ လူတိုင်းနဲ့စကားပြောပါ။ တက်တက်ကြွကြွနေပါ။ ဒါမှ ပျော်စရာကောင်းမှာပါ။

အလုပ်ကိုအကြွေးမထားပါနဲ့

အလုပ်ကိုအကြွေးထားရင် အလုပ်တွေပုံသွားတဲ့အခါ စိတ်ညစ်ရပါတယ်။ အလုပ်ကြောင့် စိတ်ဖိစီးပြီး ပျော်စရာလည်း မကောင်းတော့ဘူးဆိုတာမျိုး ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် တစ်နေ့လုပ်ရမှာကို ပုံမှန်လေးသာ လုပ်သွားပါ။

စိတ်ကြည်ကြည်လင်လင်ထားပါ

အစထဲက စိတ်မကြည်ရင်တော့ အလုပ်မှာ ပျော်ရမှာမဟုတ်ပါဘူး။ ဒါကြောင့် စိတ်ကြည်ကြည်လင်လင်ထားပါ။ ကိုယ့်စိတ်ကြည်နေမှ အလုပ်လုပ်ရတာလည်း အဆင်ပြေမယ်။ ဒါမှလည်း တစ်နေ့တာလုံး ပျော်စရာကောင်းနေမှာပါ။