ဘာကြောင့်မှန်းမသိ ဆံပင်အရမ်းကျွတ်ပြီးအမြဲဖွာနေတတ်လို့ စိတ်ညစ်နေရတဲ့သူတွေရှိလား။ ဆံပင်ကျွတ်တဲ့ဒဏ်ကို အမျိုးသမီးအယောက် ၁၀၀မှာ ၅၀ကျော်လောက်က ပုံမှန်တွေ့ကြုံရလေ့ရှိပြီး များသောအားဖြင့် အသက်အရွယ်ရလာတဲ့ပျိုမေတွေ၊ ဆံပင်စတိုင်ခဏခဏပြောင်းပြီး ခပ်တင်းတင်း ဆံပင်စည်းတတ်သူတွေနဲ့ ခေါင်းအလျှော်များတဲ့သူတွေမှာအဖြစ်များပါတယ်။
တစ်ခါတစ်ရံ ဓာတုပစ္စည်းများတဲ့ခေါင်းလျှော်ရည်တွေသုံးမိတာတစ်ဆင့် ဗောက်ထပြီး ဆံသားကြမ်းခြောက်ကာ ဆံပင်ကျွတ်တတ်တာကြောင့် ဒီလိုမဖြစ်ရအောင် ဆံပင်ကျွတ်သက်သာပြီး ဆံပင်အရှည်ကောင်းလာစေဖို့ အလွယ်တကူထိန်းသိမ်းလို့ရမယ့်နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ဦးရေပြားတစ်ဝိုက်ကို Oil တစ်မျိုးလိမ်းပေးပါ


Essential Oil တော်တော်များများက ဆံသားအုံထူပြီးအရှည်မြန်စေဖို့ကူညီပေးနိုင်ပေမယ့် အချို့ Oil တွကတော့ ဆံသားအဖျားထိလိမ်းစရာမလိုဘဲ ဦးရေပြားတစ်ဝိုက်လိမ်းတာက ပိုထိရောက်ပါတယ်။ ဥပမာ ကြက်ဆူဆီလိုဆီမျိုးကို ဦးရေပြားတစ်ဝိုက်လိမ်းပေးတာက ဆံကြောင်းကျဲခြင်းကို သက်သာစေပြီး ဆံပင်ထူလာဖို့ ကူညီပေးနိုင်မှာပါ။

၂။ ဗောက်ထနေတဲ့အခါ Chemical များတဲ့ခေါင်းလျှော်ရည်မျိုး မသုံးမိဖို့သတိထားရပါမယ်


Chemical များတဲ့ခေါင်းလျှော်ရည်တွေက ဦးရေပြားကိုခြောက်သွေ့စေပြီး ဆံသားကြမ်းတမ်းစေတဲ့အပြင် သင့်ကိုဗောက်ပိုထလာစေပါတယ်။ ဗောက်ထလို့ခေါင်းကုတ်တာများလေလေ ဆံပင်အကျွတ်များလေဖြစ်တာကြောင့် ခေါင်းလျှော်တဲ့အခါ ဗောက်ပျောက်အာနိသင်ပါဝင်တဲ့ ခေါင်းလျှော်ရည်အပျော့တွေကိုရွေးချယ်အသုံးပြုဖို့မမေ့သင့်ပါဘူး။

၃။ ဆေးဖက်ဝင် Shampoo မျိုးအသုံးပြုပါ


Chemical မပါသလောက်နည်းတဲ့ Shampoo တွေကတော့ သဘာဝဆေးဖက်ဝင်အပင်တွေနဲ့ ပြုလုပ်ထားတဲ့ Herbal Shampoo တွေပါပဲ။ ဒါကြောင့် ခေါင်းလျှော်တဲ့အခါတိုင်းဆံသားအဆီအနှစ်တွေမဆုံးရှုံးရအောင် ရှားစောင်းလက်ပက်၊ Argan Oil ၊ Green Tea ၊ အုန်းဆီ၊ လာဗင်ဒါဆီ၊ ပက်ပါမင့်ဆီနဲ့ ခေါင်ရမ်းပန်းအာနိသင် စတာတွေပါဝင်တဲ့ သဘာဝခေါင်းလျှော်ရည်မျိုးကိုသုံးဖို့လိုပါတယ်။

၄။ ၃ရက်တစ်ခါလောက် Conditioner နဲ့ခေါင်းလျှော်တာမျိုးပြုလုပ်ပေးနိုင်ပါတယ်


ဆံသားခြောက်သွေ့ပြီးပြတ်ကျတာမျိုးမဖြစ်ရအောင် အစိုဓာတ်ပုံမှန်ဖြည့်ပေးဖို့လည်းမမေ့သင့်ပါဘူး။ ဆံသားအစိုဓာတ်ပြည့်နေစေဖို့ ပုံမှန်ခေါင်းလျှော်တဲ့အချိန်တွေမှာလည်း ပေါင်းဆေးထည့်သုံးပေးဖို့ိလိုသလို ခေါင်းလျှော်ရည်တွေနဲ့ ခဏခဏထိစရာမလိုဘဲ အစိုဓာတ်ရပြီး ဆံသားနူးညံ့ချင်သူတွေအနေနဲ့ ပေါင်းဆေးသီးသန့်သုံးပြီး ၃ ရက် တစ်ကြိမ်လောက်ခေါင်းလျှော်ပေးတာမျိုးလည်းပြုလုပ်ပေးနိုင်ပါတယ်။

၅။ ဦးရေပြားအတွက် Coffee Mask နဲ့ပေါင်းတင်နိုင်ပါတယ်


ကဖင်းဓာတ်က ဆံသားရှည်အားကောင်းအောင်ကူညီပေးနိုင်တဲ့အပြင် ဆံပင်ကျွတ်သက်သာပြီး ဦးရေပြားအတွင်း သွေးလည်ပတ်မှုကောင်းစေပါတယ်။ ဒါကြောင့် တစ်ခါတစ်လေမှာ Coffee Mask နဲ့ သင့်ဦးရေပြားကိုပေါင်းတင်ပေးပါ။ သဘာဝနည်းနဲ့ ကိုယ်တိုင်ပေါင်းတင်ချင်သူတွေအတွက် ကော်ဖီမှုန့်နဲ့ ပျားရည်အနည်းငယ်ကိုရောပြီး ဦးရေပြားမှာလိမ်းပေးကာ မိနစ်၄၀ ခန့်ပေါင်းတင်ထားတာမျိုးပြုလုပ်နိုင်ပါတယ်။

Photo Source: brightside.me, Pinterest