သင်က ဖုန်းကို လက်ကမချတမ်းသုံးနေမိတဲ့အထိ ဖုန်းကို စွဲလမ်းနေပြီလား ? ဖုန်းသုံးတဲ့အချိန်ကို လျော့ချဖို့နဲ့ ကန့်သတ်ဖို့အတွက် ဒီအချက်တွေကို လိုက်နာကြည့်ပါ။

အိပ်ရာနဲ့ဝေးဝေးထားပါ

အိပ်ခါနီး ဖုန်းသုံးတာက အိပ်ချိန်ကို အနှောင့်အယှက်ဖြစ်စေတာမလို့ ဖုန်းကို အိပ်ရာနားမှာ အားမသွင်းဘဲ မမြင်ရအောင် ထားပါ။

Limit သက်မှတ်ပါ

ဖုန်းသုံးတဲ့ပမာဏကို ဆန်းစစ်ပေးတဲ့ App ကနေတဆင့် တရက်တာ ဖုန်းသုံးတဲ့အချိန် ပမာဏ ဘယ်လောက်ရှိပြီလဲဆိုတာ သိရအေင် လုပ်ပါ။ သုံးတဲ့အချိ်န် Limit ကို ကန့်သတ်ပါ။

Notifications ပိတ်ထားပါ

ဖုန်းထဲမှာ မလိုအပ်တဲ့ Notifications တွေကို တတ်နိုင်သမျှ ပိတ်ထားပါ။ အထူးသဖြင့် အလုပ်လုပ်ပြီး အိပ်သွားတဲ့အချိန်တွေမှာ ပိတ်ထားဖို့လိုပါတယ်။

နားပါ

တောက်လျှောက်ဖုန်းသုံးနေမယ့်အစား 15-20 မိနစ်တိုင်း ဒါမှမဟုတ် နာရီဝက်တိုင်း ခနနားပါ။ အချိန်ကန့်သတ်ချိန်ရောက်ပြီဆို ဖုန်းကို ဘေးဖယ်ထားပြီး အလုပ်များစေဖို့ အခြားတစ်ခုခုကို ကြိုးစာလုပ်ကြည့်ပါ။

မလိုတဲ့ Application များဖြတ်ပါ

ဖုန်းသုံးတာကိုလျှော့ဖို့ နောက်ထပ်နည်းလမ်းတစ်ခုက မလိုအပ်တော့တဲ့ App တွေ ၊ စွဲလမ်းမှုကိုဖြစ်စေတဲ့ App တချို့ကို ဖြတ်ပါ။ ဒီလိုဖြတ်တာကလည်း အသုံးပြုတဲ့အချိန်ကို လျှော့ဖို့ ကူညီပေးပါတယ်။