လူတိုင်းကတော့ ဖြူဖွေးပြီးကျန်းမာတဲ့သွားတွေကိုပဲ ပိုင်ဆိုင်ချင်ကြတာပါ။ ဒါပေမယ့် ကိုယ်တိုင်က မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားတိုက်နေရုံနဲ့တော့ မရပါဘူး။ ဒါကြောင့် သွားတွေဖြူဖွေးပြီး ကျန်းမာစေဖို့အတွက် ကိုယ်တိုင်ပုံမှန်လုပ်ပေးဖို့လိုတဲ့ အချက် ၅ ချက်ကို မျှဝေပေးလိုက်ပါတယ်။

ကော်ဖီ၊ လက်ဖက်ရည်ကို နွားနို့နဲ့သောက်ပါ

ကော်ဖီ၊ လက်ဖက်ရည်သောက်တာက သွားတွေဝါညစ်စေပါတယ်။ ဒါပေမယ့် နွားနို့လေးနဲ့ ရောပြီးသောက်မယ်ဆိုရင်တော့ သွားတွေဝါညစ်တာမျိုးဖြစ်တဲ့ ရာခိုင်နှုန်းကို လျှော့ချပေးပါတယ်။

ကော်ဖီသောက်ပြီးချက်ချင်းသွားမတိုက်ပါနဲ့

ကော်ဖီသောက်ပြီး ချက်ချင်းသွားတိုက်တာမျိုးထက်စာရင် တစ်နာရီလောက်ကြာမှ သွားတိုက်ပေးတာက ပိုကောင်းပါတယ်။ သွားပိုစားတာမျိုး၊ ဝါညစ်တာမျိုးတွေလည်း မဖြစ်စေပါဘူး။

သွားဆေးခန်းပြပါ

ပုံမှန်သွားဆေးခန်းပြတာမျိုး ကိုယ့်သွားကို ပုံမှန် check လုပ်ပေးပါ။ ဒါကတော့ သွားကျန်းမာရေးအတွက်ရော၊ လှပတဲ့သွားလေးတွေ ပိုင်ဆိုင်ဖို့အတွက်ရော အများကြီးအထောက်အကူပြုတဲ့ အရာတစ်ခုပါပဲ။

အပ်ချည်မျှင်

သွားတိုက်တံက သွားကြားထဲက အစာအကြွင်းအကျန်တွေ အားလုံးကို ပြောင်အောင်မလုပ်ပေးနိုင်ပါဘူး။ ဒါကြောင့် သွားမတိုက်ခင်မှာ အပ်ချည်မျှင်နဲ့ သွားကြားတွေကို သန့်ရှင်းပေးပါ။ ပြီးမှ သွားတိုက်ပါ။ ဒီလိုလုပ်ပေးခြင်းက လှပသန့်ရှင်းတဲ့ သွားလေးတွေကို ရရှိပိုင်ဆိုင်စေပါတယ်။ ခံတွင်းနံ့ဆိုးထွက်တာကိုလည်း ပျောက်စေပါတယ်။

အချိုမပါတဲ့ပီကေဝါးပါ

အချိုမပါတဲ့ပီကေကို မိနစ် ၂၀ လောက်ဝါးပေးခြင်းက သွားသန့်ရှင်းစေပြီး ခံတွင်းနံ့ကောင်းစေတယ်။ သွားညစ်တာတွေ သက်သာစေလို့ သွားဖြူစေဖို့လည်း အထောက်အကူဖြစ်တဲ့ နည်းလမ်းတစ်ခုပါပဲ။