ပေါင်ကြားအသားအရေမဲတာက တော်တော်များများဖြစ်ပါတယ်။ အဲ့လိုမဲတာတွေက သေချာ Treatment လုပ်ပေးမယ်၊ သေချာ Care ပေးမယ်ဆိုရင် ဖြေးဖြေးချင်းစီ မဲတာတွေလျော့ပြီး အသားအရောင် ပြန်ညီလာစေပါတယ်။ ဒါကြောင့် ပေါင်းကြားအသားအရေမဲတာ သက်သာပြီး ဖြေးဖြေးချင်းစီ ပြန်ဖြူလာစေမယ့် နည်းလမ်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

Apple Cider Vinegar

Apple Cider Vinegar – ၂ ဆနဲ့ ရေ – ၁ ဆကို ရောပြီးတော့ ဂွမ်းလုံးလေးနဲ့ယူကာ ပေါင်းကြားနေရာကို ပွတ်ပေးပါ။ ပွတ်ပြီးရင် ၁၀ မိနစ်လောက်ထားပြီးမှ ရေဆေးချပါ။ ပြီးရင်တော့ Lotion လိမ်းထားပေးပါ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင် တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးရပါမယ်။

သကြားနဲ့သံပယိုရည်

သကြား – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သံပယိုသီးတစ်ခြမ်းကို အရည်ညှစ်ချပြီး ရောမွှေပေးပါ။ ပြီးရင် ပေါင်ကြားနေရာကို ဖြေးဖြေးချင်းစီပွတ်ပေးပါ။ Scrub တိုက်သလိုပါပဲ။ ပြီးရင်တော့ ၁၀ မိနစ်လောက်ထားပြီးမှ ရေချိုးချလိုက်ပါ။ Lotion ပြန်လိမ်းပေးဖို့လည်း မမေ့ပါနဲ့။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်လည်း တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးရပါမယ်။

အုန်းဆီနဲ့သံပယိုရည်

အုန်းဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သံပယိုသီးတစ်ခြမ်းကို အရည်ညှစ်ချပြီး ရောမွှေပါ။ ပြီးရင် ပေါင်းကြားမှာ သေချာပွတ်လိမ်းပေးပြီး တစ်နာခွဲကြာအောင် ထားပေးပါ။ အချိန်ပြည့်မှ ရေဆေးချပြီး Lotion ပြန်လိမ်းထားပေးပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ နေ့တိုင်းလုပ်ပေးရမှာပါ။

အာလူးအရည်

အာလူးအရည်က မဲတာကို သက်သာစေတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ အာလူးကိုအခွံခွာ၊ ခြစ်ချပြီး အဝတ်တစ်ခုထဲထည့်၊ အရည်ရအောင် ညှစ်ချပါ။ ရလာတဲ့ အာလူးအရည်ကို Cotton pad နဲ့နှစ်ယူပြီး ပေါင်ကြားနေရာတွေကို ပွတ်ပေးပါ။ တစ်နာရီထားပြီးမှ ရေဆေးချပါ။ ဒီနည်းလမ်းကိုလည်း နေ့တိုင်းလုပ်ပေးပါ။

Oatmeal နဲ့ ဒိန်ချဉ်

Oatmeal – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ဒိန်ချဉ် – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး ပေါင်ကြားနေရာကို ဖြေးဖြေးချင်းစီပွတ်ပေးပါ။ ပြီးရင် ၁၀ မိနစ်ထားပြီးမှ ရေချိုးပါ။ Lotion ပြန်လိမ်းဖို့လည်း မမေ့ပါနဲ့။ ဒီနည်းလမ်းကို တစ်ပတ် တစ်ကြိမ်၊ နှစ်ကြိမ် ပုံမှန်လုပ်ပေးနိုင်ပါတယ်။