လည်ပင်းက အရေးအကြောင်းတွေ ပေါ်လွယ်ပြီး အသားအရေတွဲကျတာတွေ ဖြစ်လွယ်ပါတယ်။ အဲ့လိုဖြစ်လာပြီဆိုရင် ပုံမှန်ထက်ပိုပြီးတော့ အိုမင်းရင့်ရော်စေပါတယ်။ မျက်နှာကို Skincare လုပ်တဲ့အခါ လည်ပင်းအတွက်လည်း Care လုပ်ပေးဖို့ လိုပါတယ်။ ဒါကြောင့် လည်ပင်းအသားအရေ နုပျိုစေဖို့အတွက် လိုအပ်တဲ့ အသားအရေထိန်းသိမ်းနည်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

Collagen သောက်ပါ

အသက် ၂၅ နှစ်လောက်ကစပြီးတော့ Collagen ကောင်းကောင်းတစ်ခုကို သောက်ပေးသင့်ပါတယ်။ ကိုယ်သောက်ချင်တာကို ရွေးသောက်တာမျိုးမလုပ်ပဲ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သောက်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

ရေမွှေးရှောင်ပါ

ရေမွှေးမှာက Alcohol ပါတဲ့အတွက် အသားအရေကို ခဏခဏထိနေရင် အသားအရေခြောက်ပြီးတော့ အသားအရေတင်းရင်းမှုတွေ လျော့ကျလာစေပါတယ်။ ဒါကြောင့် ရေမွှေးကို လည်ပင်းကို ခဏခဏဖြန်းတာမျိုး မလုပ်ပါနဲ့။ လည်ပင်းကိုဖြန်းမယ့်အစား လက်ကောက်ဝတ်နေရာကို သုံးပေးတာက ပိုကောင်းပါတယ်။

Exfoliate လုပ်ပါ

မျက်နှာကို Exfoliate လုပ်တယ်၊ Body Scrub တိုက်တယ်ဆိုရင် လည်ပင်းကိုလည်း ချန်မထားပါနဲ့။ မျက်နှာလုပ်ရင် လည်ပင်းကိုလည်း တူတူလုပ်ပါ။ ပြီးရင် လည်ပင်းကို Skincare သပ်သပ် ထပ်မလိမ်းချင်ရင်တောင် မျက်နှာလိမ်းပြီး ပိုတာကို လည်ပင်းကို လိမ်းပေးပါ။

Moisturizer

လည်ပင်းအတွက် ဘာ Skincare မှ မလိမ်းဘူးဆိုရင်တောင်မှ Moisturizer တစ်ခုခုတော့ လိမ်းပေးပါ။ အသားအရေခြောက်ရင် ပိုပြီးတော့ အိုမင်းရင်းရော်ခြင်းနဲ့ အရေးအကြောင်းတွေ ဖြစ်လွယ်ပါတယ်။

ဝိတ်ထိန်းပါ

ဝိတ်တက်ပြီး ဝလာတဲ့အခါ မေးနှစ်ထပ်ဖြစ်တာ၊ လည်ပင်းအသားအရေ လျော့တွဲကျတာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ဝိတ်ကိုလည်း ထိန်းပေးပါ။ လတ်ဆတ်တဲ့ အသီးအနှံနဲ့ အသီးအရွက်တွေကို များများစားပေးပါ။