အနီရောင်နှုတ်ခမ်းနီက ဆွဲဆောင်မှုအရှိဆုံးနှုတ်ခမ်းအရောင်တွေထဲက တစ်ခုပါ။ ရဲရဲနီတဲ့နှုတ်ခမ်းနီအနီရောင်ကို တချက်ဆိုးလိုက်တာနဲ့တင် သင့်ရဲ့ပုံစံကို ချက်ချင်းပြောင်းလဲသွားအောင် အများကြီးပြောင်းလဲပေးနိုင်ပါတယ်။ ဒါပေမယ့် အနီရောင်နှုတ်ခမ်းနီဆိုးမယ်ဆိုရင် ဒီအချက်တွေကို သတိထားပါ။

မိတ်ကပ်ကိုပါးပါးလိမ်းပါ

နှုတ်ခမ်းနီအနီရောင်ဆိုးတဲ့အခါ နှုတ်ခမ်းက အဓိကမလို့ Heavy Makeup Look ပြင်မယ့်အစား ပေါ့ပေါ့ပါးပါး Eyeliner နဲ့ Mascara လေးဘဲ သုံးပေးပါ။

သေချာသုတ်ပါ

နှုတ်ခမ်းနီဆိုးပြီးရင် သေသေသပ်သပ်နဲ့လှနေဖို့ ဘေးနားမှာပေနေတာ ၊ အစွန်းထွက်နေတာမျိုးကို သေချာသုတ်ပေးပါ။ ပြီးရင် တစ်လျှူးနဲ့ အသာလေးဖိပေးပါ။ ဒါက နှုတ်ခမ်းနီကို သေသေချာချာ ချိန်ညှိပေးတဲ့အပြင် တစ်နေ့တာအတွက် လုံးဝကို ပြီးပြည့်စုံတဲ့ နှုတ်ခမ်းကို ရစေမှာပါ။

အရောင်သေချာရွေးပါ

နှုတ်ခမ်းနီအနီရောင်တွေက ရုတ်တရက်ကြည့်လိုက်ရင် အကုန်တူတယ်လို့ထင်ရပေမယ့် မတူဘဲ အရောင်ကွဲနေတတ်ပါတယ် ။ ဒါကြောင့် အသားအရေနဲ့သာမက ကိုယ့်ရဲ့ နှုတ်ခမ်းသားအရောင်နဲ့လိုက်ဖက်တဲ့ နှုတ်ခမ်းနီကို ရွေးချယ်ပါ။

မတူတဲ့ Texture စမ်းကြည့်ပါ

နှုတ်ခမ်းနီအနီရောင်ဆိုးတဲ့အခါ Matte Type တစ်ခုတည်းမဟုတ်ဘဲ မတူညီတဲ့ texture တွေကိုလည်း စမ်းသုံးကြည့်ပါ။

သေချာဆိုးပါ

နောက်ဆုံးအနေနဲ့ နှုတ်ခမ်းနီအနီမဆိုးခင်မှာ နှုတ်ခမ်းကိုအစိုဓာတ်ရစေတဲ့အရာတစ်ခုခု အရင်ဆိုးပါ။ ပြီးရင် Lip Liner နဲ့ နှုတ်ခမ်းပုံဖော်လိုက်ပါ။ ပြီးမှ နှုတ်ခမ်းနီဆိုးပါ။ ဆိုးတဲ့အခါ တိကျသေသပ်ဖို့ Lip Brush ကို သုံးပေးပါ။