အသားအရေသန့်စင်ဖို့ မျက်နှာချွေးချွတ်တာက ဆဲလ်သေတွေဖယ်ရှားပေးနိုင်တဲ့ Skincare အဆင့်တစ်ခုပါနော်။ ဒါပေမယ့် ခဏခဏလုပ်မိတဲ့အခါ အသားပါးပြီး အရေပြား Sensitive ဖြစ်တတ်တာကိုတော့ သတိထားပေးရပါမယ်။ အသားအရေ Sensitive ဖြစ်လာတဲ့အခါ မျက်နှာယားပြီး နီမြန်းလွယ်တာ၊ မတည့်တာတစ်ခုသုံးမိတာနဲ့ ဝက်ခြံ Breakouts ထွက်လွယ်တာတွေ ဖြစ်လာမှာပါ။ သင့်မျက်နှာအသားအရေကလည်း ဒီလိုဖြစ်လာပြီလို့ ခံစားရရင်တော့ အောက်မှာဖော်ပြထားတဲ့ ထိန်းသိမ်းနည်းလေးတွေလုပ်ပြီး ပြန်လည်ပြုပြင်နိုင်ပါတယ်။

၁။ Cleanser အပျော့လေး ပြောင်းသုံးပါ

pH ပါဝင်မှုများပြီး အာနိသင်ပြင်းတဲ့ Cleanser တွေက ချေးချွတ်ပြီး Sensitive ဖြစ်နေတဲ့ အသားအရေကို ပိုဆိုးသွားစေတာမို့ Cleanser အပျော့လေးသုံးပြီး ပြန်ထိန်းပေးရပါမယ်။ မျက်နှာအစိုဓာတ်ရပြီး အသားအေးစေတဲ့ Hyaluronic acid နဲ့ ရှားစောင်းတို့ပါဝင်တဲ့ Cleanser မျိုးကိုရွေးချယ်ပေးပါ။ Skin ပြန်မကောင်းသရွေ့ ချေးချွတ်တာတွေ မလုပ်မိဖို့လိုပါတယ်။

၂။ Sunscreen လိမ်းဖို့ လုံးဝမမေ့ပါနဲ့

ပျက်စီးသွားတဲ့အသားအရေကို ပြန်လည်သက်သာဖို့ Sunscreen မဖြစ်မနေလိမ်းဖို့လည်း အရေးကြီးပါတယ်နော်။ Sunscreen တွေက နေလောင်ဒဏ်ကာကွယ်ပေးတဲ့အပြင် အရေပြားယားယံတာ၊ နီမြန်းတာနဲ့ တွဲကျတာတွေကိုပါ ကာကွယ်ပြီးသားဖြစ်စေပါတယ်။

၃။ ဗီတာမင် E အဆီနဲ့ အစိုဓာတ်ပေးပါ

ဗီတာမင် E မှာ အသားအရေအတွက် အကျိုးပြုအာနိသင်တွေများစွာပါဝင်တာမို့ သင့် Skin ကိုအတွင်းပိုင်းထိ အစိုဓာတ်ပြန်ဖြည့်ပြီး နူးညံ့လာစေမှာပါ။ ဒါ့အပြင် သူက ချေးချွတ်များလို့ဖြစ်တဲ့ အသားအရေခြောက်သွေ့ခြင်းတွေကိုလည်း သက်သာစေပါတယ်။

၄။ ရှားစောင်းလက်ပတ် Gel သုံးပါ

ရှားစောင်းရဲ့အာနိသင်က အစိုဓာတ်ပေးပြီး အသားအေးစေတာမို့ ချေးချွတ်ထားလို့ နီမြန်းနေတဲ့အသားအရေကို ပြန်လည် ကုစားပေးရာရောက်မှာပါ။ သဘာဝပစ္စည်းလည်းဖြစ်တာမို့ သုံးရလည်းလွယ်ပါတယ်။ အရောအနှောမရှိတဲ့ ရှားစောင်း Gel ကို ပုံမှန်လိမ်းတာမျိုး လုပ်ပေးပါ။

၅။ ရေခဲကပ်ပေးနိုင်ပါတယ်

ချေးချွတ်များပြီး အသားလောင်ထားတဲ့နေရာတွေကို လွယ်လွယ်ကူကူ ရေခဲကပ်ပေးတာမျိုးလည်း လုပ်နိုင်ပါတယ်နော်။ Skin နဲ့မတည့်တာတွေကြောင့် Sensitive ဖြစ်ပြီး အသားတွေစပ်လာတဲ့အချိန် ရေခဲတုံးလေးကပ်ပေးလိုက်တာ သင့်ကို ခဏအတွင်း သက်သာအောင် ကူညီပေးမှာပါ။

Photo Source: Pinterest

By MyStyle Myanmar