ဆံပင်အပူခဏခဏ ထိတဲ့အခါ၊ ရှန်ပူအပြင်းစားတွေကို သုံးမိတဲ့အခါ ဆံပင်ကျွတ်နိုင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးမကောင်းဖြစ်ပြီးနောက် နောက်ဆက်တွဲအနေနဲ့လည်း ဆံပင်ကျွတ်တာတွေ ဖြစ်နိုင်ပါတယ်။ သင်က ခေါင်းလျှော်တိုင်း၊ ခေါင်းဖြီးတိုင်း ဆံပင်အထွေးလိုက် ကျွတ်လာတယ်ဆိုရင် ဒါကို သေချာဂရုစိုက်ဖို့လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆံပင်ပါးတဲ့အခြေအနေကနေ ရုန်းထွက်နိုင်ဖို့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ အပူထိတွေ့တာကို ကန့်သတ်ပေးပါ
ဒါကတော့ အစမှာ ပြောထားတဲ့အတိုင်း ဆံသားက အပူဒဏ်ခံရတဲ့အချိန် ဆံပင်ကျွတ်တာ ပိုဆိုးနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ပြန်ကောင်းလာစေဖို့ အပူထိတာကို ကန့်သတ်သင့်ပါတယ်။ ဥပမာ သင်က ဆံပင်ဖြောင့်စက်နဲ့ ဖြောင့်မယ့်အစား ပျော့ဆေး၊ ဖြောင့်ဆေးကို သုံးတာ၊ ဆံပင်ကောက်စက်နဲ့ ကောက်နေကျ သူက ရိုးရိုး အပူမလိုတဲ့ ပစ္စည်းတွေကို သုံးတာ စသဖြင့် အစားထိုးနိုင်ပါတယ်။
၂။ ဦးရေပြား Detox လုပ်ပါ
ဦးရေပြား အဆိပ်ထုတ်တာကို Beauty Salon တွေမှာ ပြုလုပ်နိုင်သလို ကိုယ့်အိမ်မှာလည်း ပြုလုပ်နိုင်ပါတယ်။ ဦးရေပြားအတွက် Detox ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားတဲ့ Serum, Scalp Scrub နဲ့ Shampoo စတာတွေကို သုံးနိုင်ပါတယ်။
၃။ အစားအသောက်
ဆံပင်အတွက် Supplement တွေရှိတာကို သင်သိပြီးသား ဖြစ်မှာပါ။ သင်က Supplement ဆေးတွေကို သီးသန့်ဝယ်မသောက်ချင်ရင် ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ပိုစားသင့်ပါတယ်။ ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေကတော့ ကြက်ရင်အုံ၊ အဖြူရောင်ငါးနဲ့ ကြက်ဥ စတာတွေ ဖြစ်ပါတယ်။ ပရိုတင်းဓာတ်များတဲ့ အစားအသောက်တွေ များများစားတဲ့အခါ ဆံပင်ကျွတ်တာသက်သာပြီး ဆံပင်ပိုထူလာပါလိမ့်မယ်။
၄။ ဆံပင်တိပေးပါ
ဆံပင်အရှည်မြန်လာဖို့ ဆံပင်ကို တစ်လတစ်ခါ တိပေးရပါမယ်။ ဆံပင်ပြန်ထူလာဖို့လည်း ဒီသဘောတရားအတိုင်းပါပဲ။ သင့်ရဲ့ ပျက်စီးနေတဲ့ ဆံပင်အဖျားတွေကို တစ်လတစ်ခါ တိပြီး ဖယ်ထုတ်ပေးရပါမယ်။ ဆံပင်ပြန်ကောင်းလာဖို့ စိတ်ရှည်ရှည်နဲ့ ထိန်းသိမ်းပေးမှ အဆင်ပြေမှာပါ။
၅။ Hair Growth Serum သုံးပါ
ဆံပင်အရှည်မြန်ဖို့ ရည်ရွယ်ထားတဲ့ Hair Growth Serum တွေကို ဈေးကွက်ထဲ ရှာဝယ်သင့်ပါတယ်။ နံပါတ် ၃ အချက် အစားအသောက်အပါအဝင် ပြင်ပ Serum အကူအညီကိုပါ ယူရပါမယ်။ ဆံပင်အရှည်မြန်စေတဲ့ သဘာဝဆီတွေကတော့ သံလွင်ဆီ၊ ကြက်ဆူဆီ၊ အုန်းဆီနဲ့ Grapeseed Oil စတာတွေ ဖြစ်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar