ဆံပင်လှနေမှ သင့်မျက်နှာလေးကလည်း ပိုနုတယ်၊ ပိုလှတယ်လို့ ထင်ရစေပါတယ်။ ဆံပင်ပြတ်တာ၊ ကြမ်းတာ များတဲ့အခါ လှတဲ့ မျက်နှာတောင် အနည်းငယ် ကြည့်မကောင်း ဖြစ်သွားတတ်ပါတယ်။ ဆံသားအမြဲကျန်းမာပြီး စိုပြေပျော့ပြောင်းနေဖို့ ပုံမှန်ထိန်းသိမ်းမှု လုပ်သင့်ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ အရာတစ်ခုအတွက် ဦးစားပေးပြီး အချိန်ပေးလုပ်မှ ဖြစ်နိုင်မှာပါ။ သင်က ဆံသားကို အရင်ထက် ပိုပျော့ကာ ပိုကျန်းမာစေချင်တယ်ဆိုရင်တော့-

၁။ အိပ်တဲ့အချိန်

ဆံပင်ပြတ်တာ မဖြစ်ဖို့ အိပ်တဲ့အချိန် ပိုးသား ခေါင်းစည်းကြိုးနဲ့ ဆံပင်ကို ဆံထုံး ပြေပြေလေးထုံးကာ အိပ်သင့်ပါတယ်။ ဒီလိုအိပ်တဲ့အခါ သင့်ဆံပင်ကို ဖိမိပြီး ပြတ်ကျတာကနေ ကာကွယ်ပေးပါတယ်။

၂။ ခေါင်းလျှော်တဲ့အခါ

ခေါင်းလျှော်တဲ့အချိန် ကို တစ်ပတ်မှာ နှစ်ကြိမ်ခန့် ဖြစ်သင့်ပါတယ်။ နေ့တိုင်း ခေါင်းလျှော်တာ၊ ခေါင်းလျှော်တာ ရက်စိပ်တာတွေကြောင့် ဆံသား ခြောက်သွေ့စေပါတယ်။ ခေါင်းက ထွက်လာတဲ့ အဆီက သင့်ဆံသားအတွက် သင့်တော်ပါတယ်။

၃။ သင့်ဆံပင်နဲ့ သင့်တော်တဲ့ Hair Oil ကို ရှာဖွေပါ

တစ်ယောက်နဲ့ တစ်ယောက် ဆံသား အမျိုးအစား မတူညီတာကြောင့် သုံးရတဲ့ Hair Oil အမျိုးအစားလည်း မတူညီနိုင်ပါဘူး။ သင်နဲ့ သင့်တော်တဲ့ Hair Oil ကို ရှာတွေ့တာနဲ့ ဒါကို ပုံမှန် မနက်ကော ညပါ သုံးပေးသင့်ပါတယ်။

၄။ ဘီးကျဲကိုသုံးပါ

သင့်ဆံသား ပျက်စီးတာ သက်သာပြီး ကျန်းမာနေစေဖို့ ခေါင်းဖြီးကို ဘီးကျဲ သုံးပေးသင့်ပါတယ်။ ဘီးအကျဲက သင့်ဆံပင် ပျက်စီးတာ သက်သာစေတဲ့အပြင် ဆံသားကို နူးညံ့တဲ့ ထိတွေ့မှု ဖြစ်စေပါတယ်။

၅။ ဆံသားကို အခြောက်ခံတဲ့အခါ

သင်က ခေါင်းလျှော်ပြီးနောက် Hair Dryer ကို မသုံးတတ်သူဆိုရင် ဒါက ပိုတောင် ကောင်းပါသေးတယ်။ Hair Dryer က ထွက်လာတဲ့ အပူကြောင့် ဆံသားပျက်စီးနိုင်တာမို့ အပူနဲ့ မထိလေ ကောင်းလေပါပဲ။

Photo Source: Pinterest

By MyStyle Myanmar