မိတ်ကပ်လိမ်းပေမယ့် ဝက်ခြံတွေကို သေချာမဖုံးနိုင်ဘူး၊ မိတ်ကပ်လိမ်းထားလည်း ဝက်ခြံတွေမြင်နေရတယ်ဆိုတဲ့ သူတွေအတွက် ဝက်ခြံတွေကို မိတ်ကပ်နဲ့ သေချာဖုံးနိုင်မယ့် နည်းလမ်း ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

Primer

မိတ်ကပ်လိမ်းမယ်ဆိုရင် primer လိမ်းဖို့ လုံးဝမမေ့ပါနဲ့။ Primer အဆင့်ကို မကျော်ပါနဲ့။ Primer လိမ်းမှ မိတ်ကပ်သားလည်း ကြာရှည်ခံမှာပါ။

Concealer

ဝက်ခြံရှိတဲ့နေရာနဲ့ အမာရွတ်၊ အမဲစက်၊ အသားအရောင်မညီတဲ့နေရာတွေကို concealer နဲ့ဖုံးပေးပါ။ မိတ်ကပ်တန်းလိမ်းတာထက် concealer နဲ့ အရင်ဖုံးပေးတာက ပိုပြီး cover လုပ်ပေးနိုင်ပါတယ်။

Concealer Brush

Concealer ကိုလိမ်းရင် လက်နဲ့ပွတ်လိမ်းတာမျိုးမလုပ်ပဲ concealer brush နဲ့ သေချာ blend လုပ်ပြီးလိမ်းပေးတာက ညက်ပြီးပိုလှပါတယ်။

Foundation

အပေါ်ကအဆင့် ၃ ဆင့်ကို သေချာလုပ်ပြီးရင်တော့ foundation လိမ်းလို့ရပါပြီ။ ဝက်ခြံတွေဖုံးဖို့ coverage ကောင်းပြီး ဝက်ခြံထွက်တဲ့ အသားအရေအတွက်လည်း အဆင်ပြေတဲ့ foundation မျိုးကို ရွေးချယ်ပါ။ Foundation လိမ်းရင်လည်း လက်နဲ့မလိမ်းပဲ makeup sponge, makeup brush တွေနဲ့ သေချာလိမ်းပေးပါ။

Setting Powder

ပြီးပြည့်စုံစွာနဲ့ ဝက်ခြံအမာရွတ်တွေကို သေချာဖုံးဖို့အတွက် နောက်ဆုံးမှာတော့ setting powder ထပ်လိမ်းပေးပါ။ ဒါမှ လိမ်းထားတဲ့ မိတ်ကပ်တွေကိုလည်း setting ချလိုက်သလို ပိုပြီးလှသွားစေမှာပါ။ Setting powder လိမ်းရင်လည်း powder brush နဲ့လိမ်းပေးတာက ထူထူကြီးမဖြစ်ပဲ ညက်ညက်လေးနဲ့ လှနေစေပါတယ်။