အမြဲအရွယ်တင်နုပျိုပြီး လှနေဖို့က ပျိုမေတိုင်းရဲ့အိပ်မက်ပါပဲ။ အသက်အရွယ်ရလာတာနဲ့အမျှ အသားအရေက အဆီဓာတ်ခမ်းခြောက်ပြီး ကြမ်းတမ်းပျက်စီးလွယ်လာတာကြောင့် ဒါတွေမဖြစ်ရအောင် လူငယ်အရွယ်ကတည်းက ဖြေးဖြေးချင်း ပုံမှန်ထိန်းသိမ်းပေးသင့်ပါတယ်။ အသက်ငယ်တုန်းမှာ အသားအရေကို မှန်မှန်ကန်ကန်ဂရုစိုက်မှုမရှိတာက အရေးအကြောင်းပေါ်ပြီး အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းကို ခံစားရစေတာကြောင့် Anti-aging အတွက် အသားအရေဂရုစိုက်ရာမှာ ပြုလုပ်ပေးရမယ့်အဆင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Sunscreen နဲ့ Moisturizer ပုံမှန်လိမ်းပါ


အိုမင်းရင့်ရော်ခြင်းကိုတားဆီးရာမှာ အသားအရေအစိုဓာတ်ပြည့်ဝနေဖို့နဲ့ နေလောင်ဒဏ်ကြောင့် အရေးအကြောင်းမပေါ်အောင်ကာကွယ်ထားနိုင်ဖို့ အဓိကပါပဲ။ ဒါကြောင့် Sunscreen နဲ့ Moisturizer တွကိုပုံမှန်အသုံးပြုပေးပါ။ SPF 15 နဲ့အထက်ပါဝင်တဲ့ Sunscreen မျိုးကိုအသုံးပြုဖို့လိုပါတယ်။ Moisturizer ကိုတော့ ပေါ့ပေါ့ပါးပါးနဲ့ Water-based ဖြစ်တာမျိုးသုံးပေးပါ။

၂။ Cleanser အပျော့ အသုံးပြုပေးပါ


မျက်နှာကိုပုံမှန်သေချာသန့်စင်ပေးနိုင်မှ အမြဲငယ်ရွယ်နုပျိုတဲ့ အသားအရေမျိုးကိုရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်မျက်နှာအတွက်လိုအပ်တဲ့ သဘာဝအဆီတွေကို မခန်းခြောက်စေဘဲ အညစ်အကြေးနဲ့ မိတ်ကပ်အကြွင်းအကျန်အားလုံးကိုဖယ်ရှားပေးနိုင်မယ့် Cleanser အပျော့တစ်မျိုးကို အသုံးပြုသင့်ပါတယ်။

၃။ ကိုယ့်အသားအရေပြဿနာနဲ့ကိုက်ညီတဲ့ ပစ္စည်းတစ်မျိုးကိုပဲရွေးချယ်အသုံးပြုပါ


Skincare ပစ္စည်းတွေကအာနိသင်ချင်းမတူညီတာကြောင့် ကိုယ့်အသားအရေပြဿနာနဲ့ပတ်သက်ပြီး ထိထိရောက်ရောက်သက်သာစေမယ့်ပစ္စည်းကိုပဲ ရွေးချယ်အသုံးပြုသင့်ပါတယ်။ ဥပမာ အရေးအကြောင်း ပေါ်တတ်တဲ့သူတွေအနေနဲ့ အရေးအကြောင်းပျောက်စေတဲ့ပစ္စည်းတစ်မျိုးကိုသာ သုံးပေးပါ။ Anti-aging Skincare အများအပြားသုံးခြင်းကလည်း သင့်အသားအရေထိခိုက်လာစေတာကို သတိထားရပါမယ်။

၄။ Anti-aging အတွက်လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေရှိဖို့လိုပါတယ်


သင်သုံးမယ့် Skincare တွေမှာ အိုမင်းရင့်ရော်ခြင်းမဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့ Vitamin A , Hyaluronic Acid နဲ့ Antioxidant ဓာတ်တွေပါဝင်ဖို့လိုပါတယ်။ အထူးသဖြင့် Vitamin A ကရရှိတဲ့ Retinol Cream တွအသုံးပြုပေးပါ။ အသက် ၂၀ ကျော်လောက်ကစပြီး Anti-aging Skincare တွေစတင်အသုံးပြုနိုင်ပါတယ်။

၅။ ဈေးအရမ်းမများတဲ့ Skincare ပစ္စည်းတွေကိုအသုံးပြုနိုင်ပါတယ်


တစ်ခါတစ်လေမှာ ဈေးကြီးတဲ့ Skincare ပစ္စည်းတွေကပဲ အသားအရေအတွက်ပိုထိရောက်စေမယ်လို့ ထင်မိတတ်ကြပါတယ်။ နုပျိုတဲ့အသားအရေရဖို့ဆိုတာ ဖြေးဖြေးချင်းပုံမှန်ဂရုစိုက်ပေးရတာမျိုးဖြစ်လို့ ဈေးအတန်အသင့်ရှိတဲ့ပစ္စည်းတွေ ရှာဖွေအသုံးပြုနိုင်ရင်အကောင်းဆုံးပါပဲ။ ဒါကြောင့် Product ရဲ့ဈေးထက် အသားအရေအတွက်အကျိုးပြုစေမယ့် ပါဝင်ပစ္စည်းတွေအပေါ်မူတည်ပြီး ရွေးချယ်အသုံးပြုပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar