လူတစ်ယောက်ရင့်ကျက်တယ်၊ မရင့်ကျက်ဘူးဆိုတာ အသက်အရွယ်နဲ့မဆိုင်ပါဘူး။ ကိုယ့်လုပ်ရပ်၊ အတွေးအခေါ်နဲ့ပဲ ဆိုင်ပါတယ်။ သင့်ကိုရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်လာစေမယ့်နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

ကိုယ်ချင်းစာစိတ်ထားပါ

တစ်ကိုယ်ကောင်းမဆန်ပဲ ကိုယ်ချင်းစာစိတ်ထားဖို့လိုပါတယ်။ ကိုယ်ချင်းစာပြီး စာနာသနားတတ်တဲ့စိတ်က အဓိကရှိနေဖို့ပါပဲ။

အရာရာကို ခေါင်းအေးအေးထားပါ

ကိစ္စတစ်ခုဖြစ်လာရင် သွေးပူပြီး စိတ်ရှိတဲ့အတိုင်း ထလုပ်တာ၊ ဘာမှမစဉ်းစားပဲလုပ်တာမျိုး မဖြစ်ပါစေနဲ့။ အရာရာကို ခေါင်းအေးအေးထားပြီး သေချာစဉ်းစားပါ။ ကိုယ်ဘာလုပ်ရမယ်ဆိုတာကို သေချာစဉ်းစားပြီး တစ်ခုချင်းစီလုပ်ရင် အဆင်ပြေသွားပါမယ်။

ကိုယ့်စိတ်ကိုထိန်းချုပ်ပါ

ကိုယ့်စိတ်ကိုထိန်းချုပ်နိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ စိတ်တိုတိုင်း၊ ဒေါသထွက်တိုင်း ဘာမှမစဉ်းစားပဲ ထသောင်းကျန်းတာမျိုးကို ရင့်ကျက်တဲ့သူတွေမလုပ်ပါဘူး။ တစ်ခုခုဖြစ်လာရင် ကိုယ့်စိတ်ကို အတတ်နိုင်ဆုံးထိန်းချုပ်ပြီး စိတ်လျော့ချထားပါ။

အကောင်းဘက်ကများများတွေးပါ

ဘာကိုပဲဖြစ်ဖြစ် မကောင်းတဲ့ဘက်ကပဲတွေးပြီး စိတ်ပူတာ၊ စိုးရိမ်ဒေါသထွက်တာမျိုးက ရင့်ကျက်တဲ့သူတွေရဲ့ အလုပ်မဟုတ်ပါဘူး။ အကောင်းဘက်ကများများတွေးပြီး စိတ်ကောင်းထားပါ။

ဖြစ်သင့်တာကိုတွေးပါ

ဖြစ်သင့်တာကိုမစဉ်းစားပဲ ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာကိုပဲတွေးပြီး မဖြစ်လာရင်၊ မရရင် စိတ်ဆိုးဒေါသထွက်တာ၊ ဝမ်းနည်းတာမျိုးကလည်း ရင့်ကျက်တဲ့သူတွေအလုပ်မဟုတ်ပါဘူး။ ရင့်ကျက်တဲ့သူတွေက ဖြစ်သင့်တာကိုတွေးပြီး ဖြစ်သင့်တာကိုပဲ ဦးစားပေးလုပ်ပါတယ်။ မဖြစ်နိုင်တာတွေကိုတွေးပြီး စိတ်ကူးမယဉ်ပါဘူး။ ဖြစ်ချင်တာကိုလည်း ကြိုးစားပြီး ဖြစ်အောင်လုပ်ဖို့ကြိုးစားပါတယ်။

Photo Source: www.freepik.com